မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၇း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၂)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် မိုင်(၃၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖလမ်းမြို့၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၀၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၇၆)ဒီဂရီ၊ အနက် (၇၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။