မြေငလျင်သတင်း Published: 15 Jan, 2023 Place: မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၃၃)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၈) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ပြည်ကြီးတံခွန်မြို့နယ်၏ အနောက်-အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။