မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၄း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃) နာရီ(၅၉) မိနစ်(၄၁) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၂၇၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (South Indian Ocean)၊ တောင်လတ္တီတွဒ် (၀.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၈.၇၀) ဒီဂရီ၊ အနက် (၁၁)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။