မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၄း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၃ ခုနှစ်၊ ‌ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၁၇) မိနစ်၊ (၂၈) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၇၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပလက်ဝမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၅) မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၁.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၃) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။