နေပြည်တော်၊ ဇူလိုင် ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV WERU PACK KHA (ဝိရူပက္ခ) ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Center) တို့မှ ပေးပို့သည့် ဆန် (၃၃,၄၀၀) အိတ်၊ စားအုန်းဆီပိဿာ (၅၀၀)၊ ရေ(၅)ဂါလံဆံ့ ပုံး (၆,၀၀၀)၊ တာပေါ်လင် (၁၀) ပါကင်၊ ခြင်ထောင် (၈,၅၀၀) လုံး၊ မီးဖိုချောင်သုံးပစ္စည်း (၉၀၂) စုံ၊ ရွက်ဖျင်တဲ မျိုးစုံ (၄,၀၉၈)ခုနှင့် ပျိုးပင် (၁၃၃,၀၂၆) ပင် ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း (၁,၉၁၁.၀၃) တန် တင်ဆောင်၍ ၇-၇-၂၀၂၃ ရက်၊ (၁၆:၀၀) နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။