ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း သည် ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် လိုက်ပါလျှက် ၂၂.၅.၂၀၁၇ ရက်နေ့ ဝ၉:၂၀ နာရီအချိန်တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့သို့ ထွက်ခွာသွားခဲ့ပြီး၊ ၂၃.၅.၂၀၁၇ ရက်နေ့ (၁၀:ဝ၀)အချိန်တွင် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Hotel Taj Bengal တွင် ကျင်းပ ပြုသည့် Inland Water Transport and Costal Shipping Summit သို့ တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့အကြား ပင်လယ်ကမ်းရိုးတန်းနှင့် ကုလားတန် မြစ်ကြောင်းမှ ဖြတ်သန်း၍ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အခွင့်အလမ်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ၂၄.၅.၂၀၁၇ ရက်နေ့ (ဝ၈:၅၀)အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။