Myanmar Communications Regulatory Commission (MCRC) Law Draft အား အကြံပြုဆွေးနွေးပေးနိုင်ရေးဖိတ်ခေါ်ခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရေးဆွဲနေသည့် မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) အား ၅-၄-၂၀၁၇ ရက်နေ့တွင် ဝန်ကြီးဌာန၏ Website www.motc.gov.mm  တွင် အများပြည်သူဖတ်ရှုအကြံပြုနိုင်ရေး လွှင့်တင်ထားရှိပြီးဖြစ်ပါသည်။

MCRC ဥပဒေ(မူကြမ်း)အပေါ် အကြံပြုသဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် Nation Wide Licensee များ ၊ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူများအား ဖိတ်ကြားကာ ၅-၅-၂၀၁၇ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Industry Consultation အနေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ သည်။                           

ထပ်မံ၍ MCRC ဥပဒေ(မူကြမ်း)အပေါ် အကြံပြုသဘောထားမှတ်ချက်ပြုနိုင်ရေးအတွက် Public Consultation ပြုလုပ်မည့် အစီအစဉ်အား ၁၅-၅-၂၀၁၇ ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ဆက်သွယ်ရေးသင်တန်းကျောင်း၌ ကျင်းပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးအကြံပြုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။