MPT က ပျော်ရွှင်ဖွယ် သီတင်းကျွတ်ပရိုမိုးရှင်းနှင့်အတူ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်) – MPT က သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် စိတ်လှုပ်ရှားဖွယ်ရာ အကျိုးခံစားခွင့်များ ပါဝင်​​သော Top Up ထိပေါက် ပရိုမိုးရှင်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံးသည် မည်သည့်နည်းလမ်း (ဖုန်းဘေလ်လွှဲပြောင်းပေး၍ ငွေဖြည့်ခြင်းနည်းလမ်း မပါဝင်ပါ) ဖြင့်မဆို (၁,၀၀၀) ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းရုံဖြင့် Top up ထိ​ပေါက် ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ပြီး MPT4U App တွင် ထိပေါက်ဂိမ်းကစားခြင်းဖြင့် MPT Club ပွိုင့် (၉,၉၉၉) ပွိုင့် အထိ ရရှိနိုင်မည် ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်မှ (၃၀)ရက်အထိ ဖြစ်ပြီး ဖုန်းငွေဖြည့်သွင်းမှု ပမာဏများ​လေလေ MPT Club ပွိုင့်များပိုမိုရရှိလေလေ ဖြစ်ပါသည်။

MPT Club ပွိုင့်များဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု၊ အင်တာနက်အသုံးပြုခြင်း နှင့် စာတိုပို့ဆောင်မှု စသည့် ဝန်ဆောင်မှုများအား လဲလှယ် အသုံးပြုနိုင်သည့်အပြင် MPT Club မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကိုလည်း MPT4U APP မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍ လဲလှယ်အသုံးပြုနိုင်ပါသည်။

MPT Club အဖွဲ့ဝင်မဖြစ်သေးသည့် သုံးစွဲသူများအနေဖြင့် အကျိုးခံစားခွင့်များကို ရရှိနိုင်စေရန်အတွက် MPT4U အပလီကေးရှင်းအား စာရင်းသွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ လည်းကောင်း အဖွဲ့ဝင်နိုင်ပါသည်။ MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် (၅၀) ရရှိမည် ဖြစ်သည်။

MPT Club ၏ သီတင်းကျွတ်ကာလ ပရိုမိုးရှင်းများကို https://mpt.com.mm/mm/mpt-club-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “မြန်မာ ပြည်သူ ပြည်သားတွေနဲ့အတူ သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ သီတင်းကျွတ်အခါသမယမှာ ကျွန်တော်တို့ တန်ဖိုးထားရတဲ့သုံးစွဲသူတွေကို အထူးအကျိုးခံစားခွင့်တွေပေးအပ်ဖို့၊ ပျော်ရွှင်မှုတွေကို မျှဝေဖို့နဲ့ ကျေးဇူးတုံ့ပြန်ဖို့အတွက် Top Up ထိပေါက်ပရိုမိုးရှင်းကို ဆောင်ရွက်ပေးထားရခြင်း ဖြစ်ပါတယ်။ သီတင်းကျွတ်အခါသမယလေးမှာ မိမိချစ်ရတဲ့ မိသားစု၊ မိဘတွေ၊ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ဖို့အတွက် ဒီအခွင့်အရေးတွေကို အရယူဖို့ သုံးစွဲသူအားလုံးကို တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီပရိုမိုးရှင်းဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် အကျိုးရှိပြီး ပျော်ရွှင်ဖွယ်ကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သီတင်းကျွတ်အခါသမယလေးမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။” ဟုပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ MPT သုံးစွဲသူများအားလုံး ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယ ဖြစ်ပါစေကြောင်းနှင့် စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm  တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။