ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောက်ပါ ကိစ္စရပ်များအား ဆောင်ရွက်ခဲ့ပါသည်-

ဥပဒေရေးဆွဲမှုအခြေအနေ

  • မြန်မာနိုင်ငံသင်္ဘောမှတ်ပုံတင်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ကို (၂၅-၇-၂၀၂၃) ရက်စွဲပါ စာအမှတ်၊ ၁(၁)၂(၃၃၆) ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့်အပေါ် ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ (၂၄-၈-၂၀၂၃) ရက်စွဲပါ စာအမှတ် ရညန/ ဥပဒေ/ မှတ်ပုံတင်/၁၂၀၄ ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ သွားရောက် တွေ့ဆုံဆွေးနွေးနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ထားပါသည်။
  • ရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက(၁၄-၇-၂၀၂၃) ရက်နေ့တွင် ပေးပို့လာသော ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအပေါ် ဌာန တွင်းပြင်ဆင်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပေးပို့လာ သော သဘောထားမှတ်ချက်များအား စိစစ်ပြင်ဆင်ပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ပေးပို့နိုင်ရေးပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ (၁၃-၉-၂၀၂၃) ရက်နေ့တွင် တင်ပြထားပါသည်။

သဘောတူစာချုပ်လက်မှတ်ရေးထိုးမှုအခြေအနေ

  • Coastal Shipping Agreement between India and  Myanmar နှင့်  Agreement on Maritime Transport Cooperation among BIMSTEC Member States တို့အား ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အမိန့်ကြော်ငြာစာထုတ်ပြန်မှုအခြေအနေ

  • ရေယာဉ်မှူး၊အရာရှိများနှင့်သင်္ဘောသားများ၏ ကျွမ်းကျင်မှုလက်မှတ်နှင့်တတ်ကျွမ်းမှုလက်မှတ် များထုတ်ပေးခြင်းဆိုင်ရာသတ်မှတ်ချက်များ အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ ၂၉-၈-၂၀၂၃ ရက် နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဥပဒေရေးရာ ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံနိုင်ရန် ထပ်မံပေးပို့ တင်ပြထားပါသည်။
  • မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်များတွင် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့်ရေယာဉ်ဝန်ထမ်း အရေအတွက်သတ်မှတ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ ၂၂-၉-၂၀၂၃ ရက် နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှတစ်ဆင့် ဥပဒေရေးရာဝန်ကြီးဌာန သို့ သဘောထား မှတ်ချက်တောင်းခံနိုင်ရန် ထပ်မံပေးပို့တင်ပြထားပါသည်။

ညွှန်ကြားချက်ထုတ်ပြန်မှုအခြေအနေ

  • ဘေးအန္တရာယ်ရှိ သင်္ဘောသုတ်ဆေးစနစ်များအား ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို    (၂၀-၇-၂၀၂၃) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
  • သင်္ဘောဟန်ချက်ထိန်းရေနှင့် အနည်အနှစ်များအား စီမံခန့်ခွဲခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၀-၇-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) အရ ထုတ်ပြန်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
  • သင်္ဘောမောင်းဆီကြောင့်ညစ်ညမ်းပျက်စီးခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်နိုင်ရေး အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပေးပို့တင်ပြထားပါသည်။

ရုံးတွင်းညွှန်ကြားချက်ထုတ်ပြန်မှုအခြေအနေ

  • စက်မြင်းကောင်ရေ (၂၀)အထက် ရေယာဉ်များအဖြစ် သတ်မှတ်ခြင်းကိစ္စ ရုံးတွင်းညွှန်ကြားချက် အမှတ် (၅/၂၀၂၃) ကို ၆-၇-၂၀၂၃ ကို ထုတ်ပြန်ခဲ့ပါသည်။

ရေကြောင်းညွှန်ကြားချက်ထုတ်ပြန်မှုအခြေအနေ

  • အင်္ဂလန်ကျား(ကျားဖောင်)နှင့် ကျားဖောင်ဆွဲရေယာဉ်များတွင် အလိုအလျောက် ခွဲခြားသိရှိနိုင် သည့်စနစ် (Automatic Identification System-AIS) များနှင့် အချက်ပြမီး တပ်ဆင်ခြင်းဆိုင်ရာ ရေကြောင်းညွှန်ကြားချက်အမှတ် (/၂၀၂၃) ကို ၃၀--၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
  • Guidance for Construction and Equipment Standard of Liquefied Petroleum Gas Carrier and Barge ကို Marine Guidance (2/2023) ကို ၃၁--၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။

စည်းမျဉ်းနှင့်စံနှုန်းရေးဆွဲမှု အခြေအနေ

  • ရေကြောင်းဘက်ဆိုင်ရာ  စည်းမျဉ်း (၉၉)ခုနှင့်  စံနှုန်း(၃၂)ခု တို့ကို ရေးဆွဲထုတ်ပြန်နိုင်ရန် ပြင်ပမှ ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များကို တင်ဒါခေါ်ယူခဲ့ရာတင်ဒါ အောင်မြင် ခဲ့သည့် Laws   and   legal   Advisory Co.,Ltd. က ရေကြောင်းဘက်ဆိုင်ရာ စည်းမျဉ်း( ၉၉ ) ခု နှင့် စံနှုန်း( ၃၂ )ခု တို့အား ၇၀%   ရေးဆွဲပြီးစီးပြီးဖြစ်ပါသဖြင့် " အရည်အသွေးစစ်ဆေးရေး နှင့် လက်ခံရေးကော်မတီ" သို့ (၁၄--၂၀၂၃) ရက်နေ့တွင် တင်ပြလာပါသဖြင့် အရည်အသွေး စစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှ စိစစ်ပြင်ဆင်လျက် ရှိပါသည်။