ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့်(၁) နှင့်(၂) ပူးတွဲသင်တန်းတက်ရောက်ခွင့် လျှောက်ထား ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် ရေကြောင်းအင်ဂျင်နီယာအရာရှိအဆင့်(၃) ကျွမ်းကျင်မှုလက်မှတ် ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား (၃၀၀၀) ကီလိုဝပ်နှင့်အထက် သင်္ဘောများတွင် 3/E (or) 2/AE Sea service (၁)နှစ် နှင့် 4/E (or) 3/AE Sea service (၁၈)လ ရှိရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက် စာတမ်းများ

(က) Result Sheet (MED-40)  မူရင်းနှင့်မိတ္တူ

(ခ ) (MED-47)  Sea service အတည်ပြုစာ မူရင်းနှင့်မိတ္တူ

(ဂ ) Class III CoC မူရင်းနှင့်မိတ္တူ

(ဃ) CDC မူရင်းနှင့်မိတ္တူ

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ