ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဈေးပြိုင်လေလံစနစ်ဖြင့် (Open Tender) ခေါ်ယူခြင်း
Published: 06 Jul, 2022
Last Date | : |
|
Description | : |
၁။ မြန်မာ့မီးရထားပိုင်၊ ရန်ကုန်ဘူတာကြီး၊ မြေညီထပ်ရှိ ရုံးခန်း (၅) ခန်းနှင့် ပထမထပ်ရှိရုံးခန်း (၁၀) ခန်း၊ စုစုပေါင်းရုံးခန်း (၁၅) ခန်း၊ စုစုပေါင်းကြမ်းခင်းဧရိယာ (၈၅၈.၇၅) စတုရန်းမီတာကို ရုံးခန်းအဖြစ် (၃) နှစ် ငှားရမ်းလုပ်ကိုင်ခွင့်ကို ရန်ကုန်ဘူတာကြီး၊ ပထမထပ်ရှိ၊ တိုင်းတာဝန်ခံ၊ တိုင်းအမှတ် (၇)၊ ရန်ကုန် ရုံးခန်း၌ (၂၉.၇.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင် လေလံစနစ်ဖြင့် (Open Tender)ခေါ်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ ၂။ မန်နေဂျာ (စီးပွားရေး/တိုင်း)၊ တိုင်းအမှတ် (၇)၊ ရန်ကုန်ရုံး၊ ရန်ကုန်ဘူတာကြီး (ပထမထပ်) ၌ တင်ဒါအဆိုပြုလွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို (၁) စုံလျှင် (၂၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂၀.၇.၂၀၂၂) မှ (၂၈.၇.၂၀၂၂) ရက်နေ့ထိ ရုံးချိန်အတွင်း (ရုံးပိတ်ရက်များမပါ) ဝယ်ယူနိုင်ပါသည်။ ၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက၊ မန်နေဂျာ (စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၇)၊ ရန်ကုန်ရုံး၊ ရန်ကုန်ဘူတာကြီး (ပထမထပ်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် (၀၁- ၈၃၉၃၄၂၈၊ ၀၉ - ၇၉၄၁၇၃၀၆၅၊ ၀၉ - ၉၆၉၅၈၅၂၄၅၊ ၀၉ - ၄၃၀၁၉၂၈၂) သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ ဥက္ကဋ္ဌ တင်ဒါကော်မတီ |
Download Details | : |
Download Detail
ECO Tender (Station Office).pdf
(77.04 KB)
|
Department Under | : |
Department
|