ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း မန္တလေးတိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါ အဆောက်အဦကို မြန်မာကျပ် ငွေဖြင့် ဆောက်လုပ်လိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
စဉ် |
ဆောင်ရွက်မည့် လုပ်ငန်းအမည် |
တည်နေရာ |
က |
( စာရွေးစာပို့စခန်း ဆောက်လုပ်ခြင်းလုပ်ငန်း၊ ပေ(၁၀၀x၁၀၀x၁၂) RC(၃)ထပ် အဆောက်အဦ (အတွင်း ရေ၊မီး၊မိလ္လာ၊ Aprone&Drain) အပါအဝင် |
နန်းရှေ့၊ ၆၆လမ်း၊၂၂x၂၃လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ |
၂။ အဆိုပါအိတ်ဖွင့်တင်ဒါကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-
(က) အိတ်ဖွင့်တင်ဒါ ရောင်းချမည့်ရက် - ၁၁-၂-၂၀၂၀
(ခ ) အိတ်ဖွင့်တင်ဒါ နောက်ဆုံး - ၁၀-၃-၂၀၂၀
တင်သွင်းရမည့်ရက်
(ဂ ) အိတ်ဖွင့်တင်ဒါပုံစံ ဝယ်ယူ/တင်သွင်း
ရမည့်နေရာ - တိုင်းဒေသကြီးမန်နေဂျာရုံး
မြန်မာ့စာတိုက်လုပ်ငန်း
၂၆လမ်း၊ ၈၀ x ၈၁ လမ်းကြား
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
၃။ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက တိုင်းဒေသကြီးမန်နေဂျာရုံး၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့စာတိုက်လုပ်ငန်း ( ဖုန်း- ၀၂-၄၀၆၉၄၄၄၊ ၀၂-၄၀၃၆၉၅၇ )သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင် ပါသည်။
တင်ဒါကော်မတီ
မန္တလေးတိုင်းဒေသကြီး