ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း ရန်ကုန်တိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီ:မှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါအဆောက်အဦများကိုမြန်မာကျပ်ငွေဖြင့် ဆောက်လုပ် လိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
ဆောင်ရွက်မည့်လုပ်ငန်းအမည် |
တည်နေရာ |
(က) |
စာရွေးစာပို့စခန်းဆောက်လုပ်ခြင်းလုပ်ငန်း (၁၀၀’x၁၀၀’x၁၂’)RC(၃)ထပ်အဆောက်အဦ (အတွင်းရေ၊မီး၊မိလ္လာ၊Apron&Drain)အပါအဝင် |
မရမ်းကုန်းစာတိုက်၊ကမ္ဘာဘုရားလမ်း၊ ရှစ်မိုင်လမ်းဆုံအနီး၊(၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် |
(ခ) |
ရွှေပြည်သာစာတိုက်ဆောက်လုပ်ခြင်းလုပ်ငန်း (၅၀’x၂၅’x၁၂’) Steel Structure (၁)ထပ် အဆောက်အဦ(အတွင်းရေ၊မီး၊မိလ္လာ၊Apron& Drain) အပါအဝင် |
အမှတ်(၁၅၁/၁၆၆)၊ဘုရင့်နောင်လမ်း (၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ် |
၂။ အဆိုပါအိတ်ဖွင့်တင်ဒါကိုအောက်ပါအစီအစဉ်အတိုင်းဆောင်ရွက်သွားမည်-
(က) |
အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်ရက် - |
၃-၂-၂၀၂၀မှ စတင်ရောင်းချမည် (ရုံးချိန်အတွင်း) |
(ခ) |
အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်း -ရမည့်အချိန် |
၂၄-၂-၂၀၂၀ရက်နေ့ (ညနေ ၄နာရီ ၃၀ အထိ) |
(ဂ) |
အိတ်ဖွင့်တင်ဒါပုံစံဝယ်ယူ/တင်သွင်း -ရမည့်နေရာ |
ရန်ကုန်တိုင်းဒေသကြီးမန်နေဂျာရုံးပန်းဆိုးတန်း လမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊မြန်မာ့စာတိုက် လုပ်ငန်း။ |
၃။ သတ်မှတ်ရက် ထက်ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကိုထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
-၂-
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက တိုင်းဒေသကြီ:မန်နေဂျာရုံး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မြန်မာ့စာတိုက်လုပ်ငန်း (ဖုန်း-၀၁-၃၉၁၅၅၄၊ ၀၁-၃၇၀၇၀၁)သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
ရန်ကုန်တိုင်းဒေသကြီး