သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဥပဒေ/နိုင်ငံတကာ/ ပြန်ကြားရေးဌာန၊ GMDSS (ကော့သောင်း) တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းအသစ်များအတွက် (Turnkey)ဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
GMDSS (ကော့သောင်း) တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းအသစ်များအတွက်
(Turnkey)ဖြင့်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း၊ တင်ဒါအမှတ်စဉ် (ITCS-၁/၂၀၂၃)
၁။ (၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဥပဒေ/နိုင်ငံတကာ/ ပြန်ကြားရေးဌာန၏ “GMDSS စက်ပစ္စည်းများကို အဆင့်မြှင့်တင်၍ ကမ်းရိုးတန်းတလျောက် ရေဒီယိုစခန်း(၁၉)ခုအား အသစ်တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းစီမံကိန်း”၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းအသစ်များ အတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို (Turnkey)ဖြင့် မြန်မာကျပ်ငွေနှင့်လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါသည်။
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ခန့်မှန်းနေ့ရက် - ၇ - ၆ -၂၀၂၃
၃။ တင်ဒါပုံစံအရောင်းပိတ်မည့်ခန့်မှန်းနေ့ရက် - ၁၄ - ၆ -၂၀၂၃
၄။ တင်ဒါပုံစံရောင်းချမည့်နေရာ - ထောက်ပံ့ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ
လုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊နေပြည်တော်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ - ထောက်ပံ့ဌာန၊သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊နေပြည်တော်။
၆။ တင်ဒါနောက်ဆုံးထားတင်သွင်းရမည့် - ၂၁ - ၆ -၂၀၂၃၊ ဗုဒ္ဓဟူးနေ့ (၁၆:၀၀) နာရီထိ။
ခန့်မှန်းနေ့ရက်နှင့်အချိန်
၇။ တင်ဒါပုံစံကြေး - Lot(1)(2) - Lotတစ်ခုလျှင်-၁၀,၀၀ဝိ/-(တစ်သောင်းကျပ်တိတိ)
(3),(5),(6)
Lot(4) - Lotတစ်ခုလျှင်-၅၀,၀၀ဝိ/-( ငါးသောင်းကျပ်တိတိ)
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၇၅၃ နှင့် ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၆၃၂ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ(ဆက်သွယ်ရေး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်