အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီ/မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
- မိုဘိုင်းစခန်း(၁၈)ခုတွင်ပါဝါစနစ်အဆင့်မြှင့်တင်ခြင်း(လစ်သီယံဘက်တ္ထရီနှင့်ပါဝါပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများမိုဘိုင်းစခန်းအရောက် သယ်ယူပို့ဆောင်တပ်ဆင်ခြင်း)လုပ်ငန်း။
- ပင်မဆက်သွယ်ရေးစခန်းများအတွက်ဘက္ထရီများဝယ်ယူခြင်း/ပို့ဆောင်တပ်ဆင်ခြင်းလုပ်ငန်း။
- မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ကောင်းကင်ကေဘယ်(ကော့ပါး/ဖိုင်ဘာ)မှ မြေအောက် ကေဘယ်များအဖြစ်ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်း။
- ပင်မဖိုင်ဘာဆက်ကြောင်း(၅)နေရာတွင် ဖိုင်ဘာအစားထိုးပြုပြင်ခြင်း၊ ဖိုင်ဘာချခင်းခြင်း လုပ်ငန်း။ (စုစုပေါင်း- ၆၈.၂ ကီလိုမီတာ)
- မိုဘိုင်းစက်ခန်း (၁၅၀)တွင် အင်ဂျင်များအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း။ (Turnkey)
၂။ | တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ရက်/အချိန် | ( ၆- ၆ -၂၀၂၅)ရက်/(ရုံးချိန်အတွင်း) | |
၃။ | တင်ဒါပိတ်မည့်နေ့ရက်/အချိန် | (၂၄ - ၆ -၂၀၂၅)ရက်/(၁၆:၀၀)နာရီအထိ | |
၄။ | တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်ဒါတင်သွင်းရမည့်နေရာ | ဝယ်ယူရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊အမှတ်(၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်း၊(မဟာဗန္ဓုလလမ်း နှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ | |
၅။ | တင်ဒါဖွင့်မည့်နေ့ရက်နှင့်အချိန် | ထပ်မံအသိပေးသွားပါမည်။ |
၆။ တင်ဒါလျှောက်လွှာပုံစံဝယ်ယူရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဝယ်ယူရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၉-၄၅၀၀၀၀၀၉၇ သို့ဖြစ်စေ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
၇။ သတ်မှတ်ရက်ထက်နောက်ကျတင်သွင်းသည့် အိတ်ဖွင့်တင်ဒါများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း