ဆက်သွယ်ရေး နည်းပညာ အထောက်အကူ ပြု သင်တန်း များ ၏ သင်တန်းဆင်းပွဲ ကျင်းပ

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေး နှင့် စာတိုက် သင်တန်းကျောင်း ၏ သင်တန်း (၄)ခု ဆင်းပွဲ အခမ်းအနား ကို ၁၃-၆-၂၀၁၄ ရက်နေ့၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ရန်ကုန်မြို့ ရှိ အဆိုပါ သင်တန်းကျောင်း ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနား တွင် ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ‌ကြေးနန်း ဆက်သွယ်ရေး နှင့် စာတိုက် သင်တန်းကျောင်း၊ ကျောင်းအုပ် က တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည််။ အခမ်းအနား သို့ သင်တန်းကျောင်း မှ သင်တန်းဆရာ၊ ဆရာမများ နှင့် သင်တန်းသား၊ သင်တန်းသူ (၇၇)ဦး တို့ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ သင်တန်းများမှာ PC  for Office  Applications  Course (WINDOWS)၊ Internet Applications and Web Essential Course၊ e-Telegram Software Application  Course နှင့် အခြေခံ စီမံရေးရာ သင်တန်း တို့ဖြစ်ကြပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သင်တန်း သား၊သင်တန်းသူ စုစုပေါင်း (၇၇)ဦး တက်ရောက် အောင်မြင် ခဲ့ကြပြီး ကျောင်းအုပ် က သင်တန်းဆင်း အောင်လက်မှတ် များ နှင့် ထူးချွန်ဆုများ ပေးအပ် ခဲ့ကြောင်း သတင်း ရရှိပါသည််။