ICT လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သော လိုင်စင်၊ ထောက်ခံချက်များနှင့် ပတ်သက်၍ ဌာန၏လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခြင်းကိစ္စ

စဉ်

ယခင်ကဆောင်ရွက်ပေးခဲ့မှု

ယခု ဖြေလျော့ ဆောင်ရွက်ပေးမည့် အစီအစဉ်

၁။

တယ်လီဖုန်းစက်ကိရိယာနှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင်နှင့် စပ်လျဉ်း၍-

 

(က)

လိုင်စင် လျှောက်ထားရာတွင် လုံလောက်သော နိုင်ငံခြားငွေကြေး သုံးစွဲခွင့် Bank Statement အထောက်အထားတင်ပြရန်လို

(က)

လိုင်စင် လျှောက်ထားရာတွင် Bank Statement တင်ပြရန် မလို

 

( ခ)

ပြည်ပမှ တင်သွင်းမည့် အကြိမ်တိုင်းအတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ စာရွက်စာတမ်းနှင့် ထောက်ခံချက် ရယူ ဆောင်ရွက်ရန်လို

( ခ)

လိုင်စင်သက်တမ်း (၁)နှစ်အတွင်း အမျိုးအစားတူ ပစ္စည်းများ တင်သွင်းခွင့် အတွက် ထောက်ခံချက် ထပ်မံ ရယူရန် မလို

၂။

ဆက်သွယ်ရေးစက်ပစ္စည်း တင်သွင်းခွင့် ထောက်ခံချက် ရယူခြင်းနှင့် စပ်လျဉ်း၍-

 

(က)

ဖုန်း(ဂြိုလ်တုဖုန်းမပါ) သယ်ဆောင်သည့် အရေအတွက် အားလုံး ထောက်ခံချက် ရယူရန်လို

(က)

ဖုန်း (ဂြိုလ်တုဖုန်းမပါ) သယ်ဆောင်သည့် အရေအတွက် ၂လုံး အထိအား Personal Use အတွက် သယ်ဆောင်လာခြင်း ဖြစ်ပါက ထောက်ခံချက် ရယူရန် မလို

 

( ခ)

Fax Machine အတွက်တင်သွင်းခွင့် ထောက်ခံချက်ရယူရန်လို

( ခ)

Fax Machine အတွက် တင်သွင်းခွင့် ထောက်ခံချက် ရယူရန် မလို

 

( ဂ)

ရုံးသုံးနှင့် အိမ်သုံး Wireless Router များ၊ Access Point များ၊ Switch များ စသည့် ICT ပစ္စည်းများ အားလုံးအတွက် ထောက်ခံချက် ရယူရန်လို

( ဂ)

ရုံးသုံးနှင့် အိမ်သုံး Wireless Routerများ၊ Access Point များ၊ Switch များနှင့် ပက်သက်၍ 2.4 GHz လှိုင်းနှုန်းအသုံးပြုသော ICT ပစ္စည်းများ၊ IEE 802.11 (a/b/g/n) ပစ္စည်းများ၊ Bluetooth Device များအတွက် တင်သွင်းခွင့် ထောက်ခံချက် ရယူရန် မလို