Spectrum Roadmap (မူကြမ်း)အတွက် အကြံပြုချက်များဖိတ်ခေါ်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန သည် လှိုင်းနှုန်း အသုံးပြုလိုသူများ အနေဖြင့် ၅ နှစ်တာကာလ အတွင်း လုပ်ငန်းအလိုက် အသုံးပြုနိုင်မည့် လှိုင်းနှုန်းများ ကို သိရှိ နိုင်စေရန် နှင့် အသုံးပြုခွင့် ရရှိနိုင်မည့် ကာလတို့ ဖော်ပြပါရှိသည့် လှိုင်းနှုန်းအစီအစဉ် Spectrum Roadmap (မူကြမ်း) ကို ရေးဆွဲလျက် ရှိရာ စိတ်ပါ၀င်စားသော အများပြည်သူ နှင့် အဖွဲ့အစည်းများ မှ ပါ၀င် အကြံပြုနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။

အဆိုပါ Spectrum Roadmap (မူကြမ်း) အပေါ် အကြံပြုပေးပို့လိုသူများ သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ ပေးပို့နိုင်ကြောင်း အသိပေးဖော်ပြအပ် ပါသည်။

Spectrum Roadmap (မူကြမ်း) အား အပိုင်း (၄) ပိုင်းခွဲထားပြီး အောက်ပါ Link များ တွင် Downlaod ရယူလေ့လာ ဖတ်ရှုနို်င်ပါသည်။