ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှု အား ပြန်လည် ချိတ်ဆက် ပြီးစီး

(၂၁-၇-၂၀၁၄) နံနက်ပိုင်း တွင် ရန်ကုန်မြို့ မှ ထိုင်းနိုင်ငံ သို့ ချိတ်ဆက် ထားသည့် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်း (၉၆)  core သည် ပဲခူးမြို့မှ ကိလိုမီတာ (၂၀)ခန့် အကွာ တွင် စက်ယန္တရားကြီး များ လမ်းဘေးရေမြောင်း တူးစဉ် ဖိုင်ဘာကေဘယ် များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ ပါသည်။

အဆိုပါ ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှု အား သက်ဆိုင်ရာ ဌာနမှ အမြန်ဆုံး ပြန်လည် ချိတ်ဆက်နိုင်ရေး ကို စီစဉ်ဆောင်ရွက် ခဲ့ရာ ည (၀၈း၅၀) နာရီ ခန့် တွင် ပုံမှန်အတိုင်း ပြန်လည် ချိတ်ဆက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။