ICT Indicators and Measurements အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ)မှ မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်အတွက် အကူအညီပေးသည့်အနေဖြင့် တယ်လီကွန်း/အိုင်စီတီဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းနှင့် စပ်လျဉ်းသည့် ITU Multi-Countries Workshop for National Focal Points on ICT Indicators and Measurements အလုပ်ရုံဆွေးနွေးပွဲအား မတ်လ(၁၅)ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ITU Area Office for South East Asia မှ အကြီးအကဲဖြစ်သူ Mrs.Aurora Rubio နှင့် ITU Head Quarter မှ Senior Statistician Ms. Esperanza ကိုယ်စားလှယ်အဖွဲ့မှ ဆက်သွယ် ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေး၍ ၂၀၁၆ ခုနှစ်အတွက် ITU မှ မြန်မာနိုင်ငံသို့ ပူးပေါင်းဆောင်ရွက်ပေးနေသည့် ဆောင်ရွက်ချက်များနှင့် အကူအညီပေးအပ်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ITU Area Office for South East Asia မှ အကြီးအကဲဖြစ်သူ Mrs.Aurora Rubio မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် တာဝန်ရှိသူများ၊ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေးအော်ပရေ တာများမှ ကိုယ်စားလှယ်များ ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအိုနှင့် တီမော်လက်စ်တေနိုင်ငံများမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ITU Area Office for South East Asia မှ အကြီးအကဲဖြစ်သူ Mrs.Aurora Rubio ၊ ITU Head Quarter မှ Senior Statistician Ms. Esperanze နှင့် Consultant Mr. Koay Hock Eng တို့မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး၊ တယ်လီကွန်း/အိုင်စီတီဆိုင်ရာအချက် အလက်များ ကောက်ယူခြင်းနှင့်စပ်လျဉ်းပြီး နို်င်ငံတကာစံသတ်မှတ်ချက်များ၊ တွက်ချက်ပုံနည်းလမ်းတို့ အပေါ် အခြေခံကာ ခိုင်မာသောညွှန်းကိန်းနှင့် စာရင်းအင်းပြုနိုင်ရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ပါ၀င်သူများအနေဖြင့် သဘောတရားမှန်ကန်စွာ သိရှိနားလည်နိုင်စေရေးနှင့် ရရှိသည့်အချက်အလက် များ ထုတ်ပြန်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရသည့်လုပ်ငန်း များအား တက်ရောက်လာသူတို့အကြား အတွေ့အကြုံများဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲအား လက်ခံကျင်းပခြင်းဖြင့် တယ်လီကွန်း/အိုုင်စီတီဆိုင်ရာ အချက် အလက်များကောက်ယူခြင်း၊ မှန်ကန်စွာဖြည့်သွင်းနိုင်ရေးအတွက် သိရှိလိုက်နာဆောင်ရွက်နေသည့် နိုင်ငံတကာစံသတ်မှတ်ချက်များ ၊ Methodology တို့အား နားလည်သဘောပေါက်စေမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ တယ်လီကွန်း/အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (ICT Development Index) အဆင့် သတ်မှတ်ချက်ကို တိကျမှန်ကန်စွာ သုံးသပ်နိုင်ရေးအတွက် များစွာအထောက်အကူပြုစေနိုင်မည် ဖြစ် ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား မတ်လ(၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပသွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။