Myanmar e-Governance Master Plan (2030)

 

နိုင်ငံတော်၏အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှု၊ ကမ္ဘာတစ်ဝန်း၌ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် ဒီဂျစ်တယ်ရေစီးကြောင်းများ၊ ဒီဂျစ်တယ် နည်းပညာသစ်များနှင့်အတူ နောက်ကျကျန်ခြင်းမရှိဘဲ လိုက်ပါဆောင်ရွက်နိုင်စေရန်နှင့် Digital Government သို့ ဦးတည်ချဉ်းကပ်သွားနိုင်ရန်အတွက် ယခင် Myanmar e-Governance Master Plan (2016-2020) အား ပြင်ဆင်မွမ်းမံ၍ Myanmar e-Governance Master Plan (2030) အား ရေးဆွဲခဲ့ပါသည်။ ထို Master Plan မူကြမ်းကို အစိုးရအဖွဲ့အစည်းများအားလုံးနှင့် အများပြည်သူတို့၏ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များရယူ၍ အပြီးသတ်ရေးဆွဲခဲ့ပြီး e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် e-Government ဦးဆောင်ကော်မတီသို့ တင်ပြခဲ့ပါသည်။  e-Government ဦးဆောင်ကော်မတီ၏ အတည်ပြုချက်အရ ၉-၁-၂၀၂၅ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သော Myanmar e-Governance Master Plan (2030) အား အောက်ပါ link တွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။

Download Link ->>>> Myanmar e-Governance Master Plan (2030)