မြန်မာ့မီးရထား-လုပ်ငန်းစဉ်များ

မြန်မာ့မီးရထား၏ လုပ်ငန်းစဉ်များ

မြန်မာ့မီးရထား လုပ်ငန်းစဉ်များ

mr

မြန်မာ့မီးရထား ရည်မှန်းချက်တာ၀န်

 

  • မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာဝန်မှာ ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန်ပင်ဖြစ်ပါသည်။

  • တစ်ချိန်တည်းတွင် လူ၊ ပစ္စည်းနှင့် ငွေကြေးစသော သယံဇာတများကို မလေ မလွင့် အကျိုးရှိစွာ အထိရောက်ဆုံး သုံးစွဲရေး၊ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင် ရသော အခြေအနေတွင် စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ကာ ခရီးသည်နှင့် ကုန်စည်ကို လုံလောက်စွာနှင့် ထိရောက်စွာ သယ်ယူ ပို့ဆောင်နိုင်သော အဖွဲ့အစည်း ဖြစ်လာစေရေးတို့အတွက် ရည်မှန်းချက်(၁၁)ချက် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။


မြန်မာ့မီးရထား လက်မှတ်ခနှုန်းထားများ

MRR1

 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့မီးရထား

ကုန်စည်ပို့ဆောင်ရေးနှုန်းထားအမိန့်စာအမှတ်(၁/

ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ နှုန်းထားများပြင်ဆင်သတ်မှတ်ခြင်း

ရည်ညွှန်းချက်။            (၁)       ဤရုံး၏ ၃.၁၁.၂၀၁၁ ရက်စွဲပါစာအမှတ်၊ ကန-၁/နှုန်း/၂၀၁၁(ကုန်)ဖြင့် ထုတ်ပြန် ထားသော ကုန်စည်ပို့ဆောင်ရေးနှုန်းထား အမိန့်စာအမှတ်(၁/၂၀၁၁)

                                 (၂)       ဤရုံး၏ ၁၀.၅.၂၀၁၃ ရက်စွဲပါစာအမှတ်၊ ကန-၁/၂၀၁၃(ကုန်နှုန်းထား)

                                 (၃)       ဤရုံး၏ ၂၇.၆.၂၀၁၆ ရက်စွဲပါစာအမှတ်၊ ကရ-၃/၂၀၁၆(သစ်လုံး/နှုန်းထား)

                                 (၄)      ဤရုံး၏ ၂၃.၉.၂၀၁၆ ရက်စွဲပါစာအမှတ်၊ ကရ-၃/၂၀၁၆(ဌာန/နှုန်းထား)ညွှန်

                                 (၅)      ဤရုံး၏ ၂၉.၁၁.၂၀၁၆ ရက်စွဲပါစာအမှတ်၊ ကရ-၃/၂၀၁၆(ကုန်နှုန်းထား/ထပ်တိုး)

                                 (၆)      ဤရုံး၏ ၃၀.၅.၂၀၁၇ ရက်စွဲပါစာအမှတ်၊ ကန-၁/နှုန်း/၂၀၁၇(ကုန်)

၁။    မြန်မာ့မီးရထား၊ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာနှုန်းထားများကို (၁.၇.၂၀၂၂)ရက်နေ့မှစ၍ ဤအမိန့်စာပါ နှုန်းထားများအတိုင်း စတင်ကောက်ခံသွားရန် ပြင်ဆင်သတ်မှတ်လိုက်သည်။ ရည်ညွှန်း(၁)(၂)(၃)(၄)(၅)(၆)ပါ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာနှုန်းထားများကို (၁.၇.၂၀၂၂)ရက်နေ့တွင် ပယ်ဖျက်လိုက်သည်။

၂။   မြန်မာ့မီးရထားမှ ကုန်ရထားများတွင် တွဲလုံးပြည့်တင်ပို့မှုအတွက် မည်သည့်ကုန်ပစ္စည်းမဆို အောက်ပါ နှုန်းထားဖြင့် တန်ဆာခကောက်ခံရမည်ဖြစ်ပါသည်။

 

စဉ်

ရထား

အမှတ်

လမ်းပိုင်း

တွဲအမျိုး

အစား

တစ်တန်တစ်မိုင်နှုန်း(ကျပ်)

အဆန်

အစုန်

ပေါင်း

၉၁၃/၉၁၄

ရန်ကုန်-

မန္တလေး-

ရန်ကုန်

GBHV(AAR)

၃၄

၄၁

၇၅

၉၀၁/၉၀၂

MBHAH

SMBV
WB

MBDHV

၂၃

၃၇

၆၀

၉၃၇/၉၃၈

မန္တလေး-မြစ်ကြီးနား-မန္တလေး

GBHAH

၇၅

-

၇၅

ဝင်းကူး

ကုန်ရထား

WBCXH

WBH

SMBV

၆၀

-

၆၀

စီးပွားကျောက်

(၆၈၁ မှ ၆၈၄)

တိုင်း(၈)

ဒေသမှ ရန်ကုန်

SMBV

-

၄၅

၄၅

မှတ်ချက်။

(၁)   အထက်ပါ အဆန်/အစုန် ကောက်ခံရမည့် လမ်းပိုင်းအလိုက်၊ ရထားအလိုက် တန်ဆာခ နှုန်းထားများအား စက်သုံးဆီဈေးနှုန်းအပါအဝင် အခြားသယ်ယူပို့ဆောင်ခ နှုန်းထား များအပေါ် မူတည်၍ ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် ပြောင်းလဲရမည့်အခြေအနေရှိပါက ဦးဆောင်ညွှန်ကြားရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့် ဤရုံးမှ ထုတ်ပြန်သွားမည်ဖြစ်သည်။

(၂)    AAR အမျိုးအစား၊ GBHV, GBHAH တွဲများ၊ ABC အမျိုးအစား GBHV တွဲများ အသုံးပြု ပြေးဆွဲသော ရထားများအား ကုန်အမြန်ရထားအဖြစ် သတ်မှတ်သည်။ (ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၉၁၃) အဆန်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၉၃၇) အဆန်)

(၃)    တွဲလုံမဟုတ်သော အခြား AAR တွဲအမျိုးအစားအားလုံးနှင့် GBHV မဟုတ်သော ABC တွဲအမျိုးအစားများ အသုံးပြုပြေးဆွဲသောရထားများကို ကုန်အနှေးရထားအဖြစ် သတ်မှတ်သည်။

(၄)    ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများအတွက် တန်ဆာခ အပြင် တွဲလွတ်ဆွဲခကောက်ခံရမည်။

(၅)    တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-)ကျပ်ကောက်ခံရမည်။


ဌာနဆိုင်ရာများအား တန်ဆာခကောက်ခံရမည့်သတ်မှတ်ချက်

၃။    တပ်မတော်နှင့် ဌာနဆိုင်ရာအသီးသီးအတွက် တန်ဆာခနှုန်းထားအား ယခုသတ်မှတ် ထုတ်ပြန် လိုက်သည့် တန်ဆာခနှုန်းထားများအတိုင်းသာ ကောက်ခံသွားရန် ဖြစ်သည်။


ကွန်တိန်နာအထူးရထား တန်ဆာခကောက်ခံရမည့်သတ်မှတ်ချက်

၄။    အမှတ်(၉၂၃/၉၂၄)ကွန်တိန်နာအထူးရထား၏ တန်ဆာခနှုန်းထားအား (အသွား+အပြန်) တစ်တန်တစ်မိုင် (၆၀/-)ကျပ် ကောက်ခံရမည်။

ဆီလုံးရထား တန်ဆာခကောက်ခံရမည့်သတ်မှတ်ချက်

၅။    ဆီလုံးအထူးရထားများ (၈၀၁/၈၀၃/၈၀၅/၈၀၇)ရထားများအတွက် တန်ဆာခနှုန်းထားအား (အသွား+ အပြန်) တစ်တန်တစ်မိုင် (၆၀/-)ကျပ် ကောက်ခံရမည်။

 

တောင်ပေါ်လမ်းပိုင်းသတ်မှတ်ချက်

၆။    တောင်ပေါ်လမ်းပိုင်းအဖြစ်သတ်မှတ်ထားသော လမ်းပိုင်းများတွင် တွဲလုံးပြည့်ကုန်တင်ပို့ခြင်းအတွက် တန်ဆာခနှုန်းထားအား တစ်တန်တစ်မိုင်(၇၅/-)ကျပ်ဖြင့် ကောက်ခံရမည်။ အောက်ပါလမ်းပိုင်းများကို တောင်ပေါ် နှုန်းထားများဖြင့် တွက်ချက်ကောက်ခံရန် သတ်မှတ်ပါသည်-

      (က)   နဘားမှ ကသာလမ်းပိုင်း

      (ခ)    ဆည်တော်မှ လားရှိုးလမ်းပိုင်း

      (ဂ)    ဘုရားငါးဆူမှ ရွှေညောင်၊ တောင်ကြီး၊ ဆိုက်ခေါင်လမ်းပိုင်း

      (ဃ)    ရေးမှ ထားဝယ်လမ်းပိုင်း

      (င)  မြိုင်မှ ကလေးလမ်းပိုင်း

 

အနည်းဆုံး တန်ဆာခ ကောက်ခံရမည့် ခရီးမိုင် သတ်မှတ်ချက်

၇။    တွဲလုံးပြည့်တင်ပို့ခြင်းအတွက် အနည်းဆုံးတန်ဆာခတွက်ချက်ကောက်ခံရမည့် ခရီးမိုင်သတ်မှတ်ချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

      (က)   ပုသိမ်-ကြံခင်းလမ်းပိုင်း၊ မော်လမြိုင်(တောင်)-ရေးလမ်းပိုင်းနှင့် ရေး-ထားဝယ်လမ်းပိုင်းတို့ တွင် အနည်းဆုံးမိုင်(၁၀၀)အတွက် ကောက်ခံရမည်။

      (ခ)    ကျန်လမ်းပိုင်းအားလုံးတွင် အနည်းဆုံးမိုင်(၁၅၀)အတွက် ကောက်ခံရမည်။

      (ဂ)    ဖွင့်လှစ်ပြီး ရထားလမ်းပိုင်းအသစ်များ၌ ကုန်ရထားပြေးဆွဲနိုင်သည့်အချိန်တွင် လမ်းပိုင်း အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်ဆောင်ရွက်ပါမည်။

      (ဃ)    အနည်းဆုံးမိုင်သတ်မှတ်ချက်ထက်ကျော်လွန်သော ခရီးစဉ်တိုင်းအတွက် သွားရောက်လိုသော ဘူတာအတိအကျကို တန်ဆာပြုလုပ်ခွင့်ပြုသည်။


အစွန်းတိခြင်း

၈။ တန်ဆာခတွက်ချက်ရာတွင် တစ်တန်တစ်မိုင်နှုန်း၊ သယ်ပို့ရမည့်ခရီးအကွာအဝေးမိုင်အတိအကျ၊ ကုန် တွဲ၏ အများဆုံးတင်နိုင်သည့် ကုန်တန်ချိန်တို့ကို မြှောက်၍ ကျသင့်မည့်တန်ဆာခကို တွက်ချက်ပြီး (၅၀/-) ကျပ် အစွန်းတိရမည်။(၁)ကျပ်မှ (၄၉)ကျပ်အထိကို (၅၀)ကျပ်နှင့် (၅၁)ကျပ်မှ (၉၉)ကျပ်အထိကို (၁၀၀)ကျပ် ယူရန်ဖြစ်သည်။

တွဲလုံးပြည့် တန်ဆာခ တွက်နည်း

တစ်တန် တစ်မိုင် နှုန်းထား

x

သယ်ယူ ရမည့်မိုင်

x

တွဲ၏ ခွင့်ပြု တန်ချိန်

=

ကျသင့် တန်ဆာခ (၅၀/-ကျပ် အစွန်းတိရန်)

                                                              


လက်ထိုးကုန်သေး နှုန်းထား

၉။ ဌာနဆိုင်ရာဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ တွဲလုံးပြည့်မဟုတ်သော လက်ထိုးကုန်သေး တင်ဆောင်ခြင်း အတွက် ကျသင့်တန်ဆာခကို အောက်ပါနှုန်းထားဖြင့် တွက်ချက်ကောက်ခံရမည်-

လက်ထိုးကုန်သေးနှုန်းထား

ကုန်တစ်ပိဿာ တစ်မိုင်နှုန်းထား

မြေပြန့် (ပြား)

တောင်ပေါ် (ပြား)

၁၃ ပြား

၁၇.၅၀ ပြား

 


အနည်းဆုံးလက်ထိုးကုန်သေး တန်ဆာခကောက်ခံရန်သတ်မှတ်ချက်

၁၀။ လက်ထိုးကုန်သေးတင်ပို့ခြင်းအတွက် အနည်းဆုံးကောက်ခံရမည့်ပိဿာမှာ(၅)ပိဿာဖြစ်ပြီး အနည်းဆုံး တွက်ချက်ရမည့် ခရီးအကွာအဝေးမှာ မိုင်(၁၀၀)ဖြစ်ပါသည်။

 


ကျသင်ငွေ အစွန်းတိခြင်း

၁၁။ လက်ထိုးကုန်သေးနှုန်းထားဖြင့် တန်ဆာခတွက်ချက်ရာတွင် တစ်ပိဿာတစ်မိုင် ကျသင့်နှုန်းထား၊ ခရီးအကွာအဝေးမိုင်အတိအကျ၊ တင်ဆောင်သည့် ပိဿာတို့ကို မြှောက်၍ ကျသင့်တန်ဆာခကို တွက်ချက်ပြီး တစ်ကျပ်မပြည့်သော ပြားစွန်းအားလုံးကို ကျပ်စွန်းတိ၍ (၅၀/-)ကျပ် အစွန်းတိရမည်။ (၁)ကျပ်မှ (၄၉)ကျပ် အထိကို (၅၀)ကျပ်နှင့် (၅၁)ကျပ်မှ (၉၉)ကျပ်အထိကို (၁၀၀)ကျပ်ယူရန်ဖြစ်သည်။

 

လက်ထိုးကုန်သေး တန်ဆာခ တွက်နည်း

တစ်ပိဿာ

တစ်မိုင်

ကျသင့်နှုန်းထား

x

မိုင်

ရမည့်

သယ်ယူ

x

ချိန်

ပိဿာ

ကုန်

=

တင်ပို့သည့်

တန်ဆာခ

(၅၀/-ကျပ် အစွန်းတိရန်)

 

အခြားကောက်ခံရမည့်နှုန်းထားများ

 

၁၂။ တန်ဆာနှင့်အတူ ကောက်ခံရမည့် အခြားအခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဆိုက်ဒင်ခ (Siding Charges)

(၁)  သာမန်ဆိုက်ဒင်ခ

                              -   လေးဘီးတွဲတစ်တွဲ                                                               ၁၅၀၀ ကျပ်

                              -   ရှစ်ဘီးတွဲ၊ ဗထက်ချိုင့် (Well Wagon) တွဲတစ်တွဲ              ၃၀၀၀ ကျပ်

(၂)  အထူးဆိုက်ဒင်ခ

                              -   လေးဘီးတွဲတစ်တွဲ                                                               ၆၀၀၀ ကျပ်

                              -   ရှစ်ဘီးတွဲ၊ ဗထက်ချိုင့် (Well Wagon) တွဲတစ်တွဲ            ၁၂၀၀၀ ကျပ်

(၃)  သစ်လုံးနှင့် သစ်ခွဲသားများတင်ပို့ခြင်းအတွက် ရန်ကုန်ဒေသ အထူးဆိုက်ဒင်ခ

                              -   ရှစ်ဘီးတွဲ၊ ဗထက်ချိုင့် (Well Wagon) တွဲတစ်တွဲ           ၁၈၀၀၀ ကျပ်

 

( ခ)  တွဲလွတ်ဆွဲခ။         ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများအတွက် တန်ဆာခအပြင် တွဲလွတ်ဆွဲခ ကောက်ခံရမည်။ တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-)ကျပ် ကောက်ခံရမည်။ တွဲလွတ်ဆွဲခကို အောက်ပါအတိုင်း ကောက်ခံရမည်-

                       -      လေးဘီးတွဲတစ်တွဲ                                                            တစ်မိုင် ၁၂၅ ကျပ်

                       -      ရှစ်ဘီးတွဲ၊ ဗထက်ချိုင့် (Well Wagon) တွဲတစ်တွဲ                တစ်မိုင် ၂၅၀ ကျပ်

 

( ဂ)      တွဲညောင်းခ။     ကုန်တွဲများ အတင်/အချ ကြန့်ကြာမှုမရှိစေရေးကို ရည်ရွယ်၍ တွဲညောင်းခ အဖြစ် အောက်ပါအတိုင်း ကောက်ခံရန်-

                       -      လေးဘီးတွဲတစ်တွဲ                                                   တစ်ရက် ၃၀၀၀၀ ကျပ်

                       -      ရှစ်ဘီးတွဲ၊ ဗထက်ချိုင့် (Well Wagon) တွဲတစ်တွဲ တစ်ရက် ၆၀၀၀၀ ကျပ်

 

(ဃ)    ကုန်ဒဏ်။        လက်ထိုးကုန်/ကုန်သေးတင်ဆောင်ခြင်းတွင် ကုန်ဒဏ်ကောက်ခံရန် ကျသင့်ပါက (၂၅)ပိဿာအတွက် တစ်ရက်လျှင် (၃၀၀)ကျပ်နှုန်း ကောက်ခံရမည်။

 

(င)      တွဲရေဆေးခ။       ကုန်တွဲများရေရှည်အသုံးပြုနိုင်ရေးကိုရည်ရွယ်၍ တွဲများ စွန်းထင်း ညစ်ပေစေသော အောက်ဖော်ပြပါကုန်ပစ္စည်းများ တင်ဆောင်သည့် အခါ တွဲရေဆေးကြော သန့်ရှင်းခ အဖြစ် တွဲလုံးပြည့်/ လက်ထိုးကုန်သေး တင်ဆောင်ခြင်းများအတွက် (၄)ဘီးတွဲ တစ်တွဲလျှင် (၁၀၀၀)ကျပ်နှုန်း၊ (၈)ဘီး တွဲတစ်တွဲလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် ကောက်ခံရမည်-

(၁)  ပိုးသတ်ဆေး

(၂)  ဓာတ်မြေသြဇာ

(၃)  စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ

(၄)  ကြေးနီမှုန့်၊ ပွန်းစားတတ်သည့် တွင်းထွက်ကုန်ကြမ်းပစ္စည်းများ

(၅)  ဆား

(၆)  ငါးပိ၊ ငံပြာရည်၊ ငါးဆားနယ်

(၇)  တိရိစ္ဆာန်များ

 

(စ)      စက်ခေါင်းနှင့် တွဲငှားရမ်းခ။       ရထားစက်ခေါင်းနှင့် ကုန်တွဲများ ငှားရမ်း အသုံးပြုခြင်း အတွက် အောက်ပါအတိုင်း ကောက်ခံယူရန်-

                       စဉ်                       စက်ခေါင်း/တွဲ                                            တစ်ရက်ငှားရမ်းခ

(၁)       ဒီဇယ်စက်ခေါင်း (၂၀၀၀ အား)                                      ၂၂၅၀၀၀ ကျပ်

(၂)       ဒီဇယ်စက်ခေါင်း (၁၆၀၀/၁၅၀၀/၁၃၀၀ အား)               ၁၉၅၀၀၀ ကျပ်

(၃)       ဒီဇယ်စက်ခေါင်း (၁၂၀၀/၁၁၀၀/၉၀၀ အား)                  ၁၆၅၀၀၀ ကျပ်

(၄)       ဒီဇယ်စက်ခေါင်း (၅၀၀ အား)                                        ၁၃၅၀၀၀ ကျပ်

(၅)      ကုန်တွဲ/ဘရိတ်တွဲ (လေးဘီး)                                          ၃၀၀၀၀ ကျပ်

(၆)      ကုန်တွဲ/ဘရိတ်တွဲ (ရှစ်ဘီး)                                             ၆၀၀၀၀ ကျပ်

မှတ်ချက်။        (၁)    တစ်ရက်(၂၄ နာရီ)မပြည့်ပါကလည်း တစ်ရက်နှုန်းထား ကောက်ခံရမည်။

(၂)    စက်ခေါင်းငှား/တွဲငှားခြင်းကို အထွေထွေမန်နေဂျာ (စီးပွားရေး)၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။

 

(ဆ)     ကရိန်းငှားရမ်းခ။       မြန်မာ့မီးရထားပိုင်ကရိန်းများအား ငှားရမ်းအသုံးပြုခြင်း အတွက် ငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)       ဒီဇယ်ကရိန်း (၃၅)တန်အထက် (ဆီဖိုးမပါ)    တစ်ရက် ၄၀၀၀၀၀ ကျပ်

(၂)       ဒီဇယ်ကရိန်း (၃၀/၃၅)တန် (ဆီဖိုးမပါ)          တစ်ရက် ၃၀၀၀၀၀ ကျပ်

(၃)       ရေနွေးငွေ့ကရိန်း (၃၀/၃၅)တန် (ဆီဖိုးမပါ)    တစ်ရက် ၃၅၀၀၀၀ ကျပ်

( ဇ)      ကုန်သေတ္တာ (Container) များအတွက် ကရိန်းငှားရမ်းခ။        အောက်ပါ အတိုင်း ဖြစ်ပါသည်-

(၁)       ပေ(၂၀)ကုန်သေတ္တာ ကုန်ပြည့်ဖြင့်                  တစ်ကြိမ်မ ၂၀၀၀၀ ကျပ်

(၂)       ပေ(၂၀)ကုန်သေတ္တာ ကုန်မပါ (အလွတ်)         တစ်ကြိမ်မ ၁၂၀၀၀ ကျပ်

(၃)       ပေ(၄၀)ကုန်သေတ္တာ ကုန်ပြည့်ဖြင့်                 တစ်ကြိမ်မ ၄၀၀၀၀ ကျပ်

(၄)       ပေ(၄၀)ကုန်သေတ္တာ ကုန်မပါ (အလွတ်)        တစ်ကြိမ်မ ၂၄၀၀၀ ကျပ်

(ဈ)      ကုန်သေတ္တာ (Container) ထားသိုခ။      မြန်မာ့မီးရထားပိုင် မြေနေရာများတွင် ကုန်သေတ္တာ (Container) ကုန်ပြည့်/အလွတ် ထားရှိပါက စီးပွားရေးဌာနမှ သတ်မှတ် ထားသည့် နှုန်းထားအတိုင်း ကောက်ခံရမည်။

Tan                                                                        

 

(မြန်မာ့မီးရထား၊ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာနှုန်းထားများကို (၁.၇.၂၀၂၂)ရက်နေ့မှစ၍ အောက်ပါနှုန်းထားဖြင့် တန်ဆာခကောက်ခံရမည်ဖြစ်ပါသည်။

စဉ်

ရထား

အမှတ်

လမ်းပိုင်း

တွဲအမျိုး

အစား

တစ်တန်တစ်မိုင်နှုန်း(ကျပ်)

အဆန်

အစုန်

ပေါင်း

၉၁၃/၉၁၄

ရန်ကုန်-

မန္တလေး-

ရန်ကုန်

GBHV(AAR)

၃၄

၄၁

၇၅

၉၀၁/၉၀၂

MBHAH

SMBV
WB

MBDHV

၂၃

၃၇

၆၀

၉၃၇/၉၃၈

မန္တလေး-မြစ်ကြီးနား-မန္တလေး

GBHAH

၇၅

-

၇၅

ဝင်းကူး

ကုန်ရထား

WBCXH

WBH

SMBV

၆၀

-

၆၀

စီးပွားကျောက်

(၆၈၁ မှ ၆၈၄)

တိုင်း(၈)

ဒေသမှ ရန်ကုန်

SMBV

-

၄၅

၄၅


မြန်မာ့မီးရထားအချိန်စာရင်း

 

မြန်မာ့မီးရထားအချိန်စာရင်းအားအောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

Click Here

မြို့ပတ်ရထားအချိန်စာရင်းအားအောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Click Here

ရန်ကုန်-နေပြည်တော်-မန္တလေး လူစီးရထားအချိန်စာရင်း များအားအောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

Click Here


ဘူတာများတွင် ခရီးသွားပြည်သူများလိုက်နာဆောင်ရွက်ရန်အတွက် ကြေညာထားချက်များ

 

ကြေညာချက်

 

၁။      လက်မှတ်ဝယ်ရန်သင်၏တာဝန်ဖြစ်သည်။

၂။      (၃)နှစ်အထက် (၁၂)အောက် ကလေးလက်မှတ်ဝယ်ယူပါ။

၃။      လက်မှတ်ကိုပြင်မမှမဝယ်ပါနှင့်။

၄။      လက်ကျန်လက်မှတ်ရှိ/မရှိ လက်မှတ်ရောင်းစာရေးထံတိုက်ရိုက်မေးပါ။

၅။      ဝယ်ပြီးလက်မှတ်အားပြင်ဆင်ပြောင်းလဲပေးမည်မဟုတ်ပါ။

၆။      မိမိသွားလိုသည့်နေ့၊ရထားအမှတ်၊ ဘူတာပြန်အမ်းငွေ မှန်/မမှန်စစ်ဆေးပါ။

၇။      ကလေးတစ်ဦးအတွက် ထိုင်ခုံယူလိုပါက လူကြီးလက်မှတ်ဝယ်ယူပါ။

၈။      လက်မှတ်ဝယ်ယူရာတွင် ကျေနပ်မှုမရှိပါက ရုံပိုင်ကြီးထံ ချက်ချင်းတိုင်ကြား နိုင်ပါသည်။


ကြေညာချက်

 

အောက်ဖေါ်ပြပါအခြေအနေများတွင် ခရီးသည်များထံမှ စီးနင်းသည့်ရထား၏ ခရီးစဉ်အစ/အဆုံးကျသင့်နှုန်းပြည့် လက်မှတ်ခ၏(     )ဆကို ဒဏ်ငွေအဖြစ်ကောက်ခံမည်။

၁။      လက်မှတ်စစ်ဆေးသည့်အခါလက်မှတ်မပြနိုင်ခြင်း။

၂။      လက်မှတ်၏ခရီးဆုံးဘူတာထက် ကျော်လွန်စီးနင်းခြင်း။

၃။      လက်မှတ်၏အတန်းအစားထက် မြင့်သည့် အတန်းအစား၌ စီးနင်းခြင်း။

၄။      ဖတ်ရှုနိုင်ခြင်းမပြုနိုင်လောက်အောင် စုတ်ပြဲချို့ယွင်းနေသော လက်မှတ်ဖြင့် စီးနင်းခြင်း။

၅။      ရက်လွန်လက်မှတ်ဖြင့်စီးနင်းခြင်း။

၆။      စစ်သည်တော်/ရဲတပ်ဖွဲ့ဝင်များ၏ ခရီးသွားလက်မှတ်များ သတ်မှတ်ထားသည့် အချိန်ကာလထက်ကျော်လွန်စီးနင်းခြင်း။

၇။      ကလေးလက်မှတ်ဖြင့် လူကြီးများစီးနင်းခြင်း။

၈။      မှတ်ပုံတင်/ဝန်ထမ်းကဒ်တွင်ပရှိသော မှတ်ပုံတင်နံပါတ်နှင့် နံပါတ်မတူညီသည့် လက်မှတ်ဖြင့်စီးနင်းခြင်း။

၉။      မှတ်ပုံတင်နံပါတ်ဖျက်၍ပြင်ဆင်ရေးသားထားသောလက်မှတ်ဖြင့် စီးနင်းခြင်း။

၁၀။    ဖျက်ရာပေါ်တွင် ပြင်ဆင်ရေးသားထားသောလက်မှတ်ဖြင့် စီးနင်းခြင်း။

၁၁။    တစ်ဦး၏လက်မှတ်ဖြင့် အခြားတစ်ဦးမှ လွှဲပြောင်းစီးနင်းခြင်း။

၁၂။    ရထားအမှတ်၊ ရက်စွဲမတူညီသော လက်မှတ်ဖြင့်စီးနင်းခြင်း။


တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

 

အခန်း(၁၈) တားမြစ်ချက်

ပြစ်ဒဏ် အခန်း(၁၉)

၇၉

မည်သူမျှ ရထား၊ ရထားစီးခရီးသည် သို့မဟုတ် ရထားပေါ်ရှိ တာဝန်ရှိသူတစ်ဦးဦးနှင့် ရထားပေါ်ရှိ ကုန်စည်များကို ဘေး အန္တရာယ်ကျရောက်စေရန် ကြံရွယ်ချက်ဖြင့် ဖြစ်စေ ဘေးအန္တရယ် ကျရောက်နိင်သည်ကို သိလျက်နှင့်ဖြစ်စေ အောက်ပါတို့ကို မပြုလုပ်ရ-

၈၄

မည်သူမဆို ပုဒ်မ ၇၉ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ငါးနှစ်မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

 

(က)

ရထားလမ်းပေါ်သို့ သစ်တုံး၊ ကျောက်ခဲ သို့မဟုတ် အခြား ပစ္စည်း တစ်စုံတစ်ရာကို တင်ထားခြင်း၊ ပစ်ချထားခြင်း

 

 

 

( ခ)

ရထားကို တစ်စုံတစ်ဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် အခြား တစ်စုံတစ်ရာ ပြုလုပ်ခြင်း၊

 

 

 

( ဂ)

ရထားလမ်းရှိဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆို ဆွဲထုတ် ဖယ်ရှားခြင်း၊ ဖြေလျော့ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

 

 

 

(ဃ)

လမ်းလွှဲများနှင့် ရထားစက်ကိရိယာများကို လှည့်ခြင်း၊ ရွေ့လျားစေခြင်း၊ထိန်းချုပ်မှုပျက်စီးစေခြင်း၊ လွှဲပြောင်းခြင်း၊

 

 

 

( င)

ရထားလမ်းအချက်ပြများကိုမမှန်မကန်ပြုလုပ်ခြင်း၊ ဖုံးကွယ် ထားခြင်း၊ ဖယ်ရှားပစ်ခြင်းနှင့် မမှန်မကန် အချက်ပြခြင်း၊

 

 

 

( စ)

ရထားလမ်းကို ချို့ယွင်းပျက်စီးစေသော အခြားမည်သည့် ပြုလုပ်မှုကိုမဆို ပြုလုပ်ခြင်း၊ ဖြစ်ပေါ်စေခြင်း သို့မဟုတ် ထိုသို့ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊

 

 

 

အခန်း(၁၈) တားမြစ်ချက်

ပြစ်ဒဏ် အခန်း(၁၉)

၈၀

မည်သူမျှ

၈၅

မည်သူမဆို ပုဒ်မ ၈၀ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး တစ်ဆယ်နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

 

(က)

ရထားမောင်းနေစဉ်တွင်သော်လည်းကောင်း၊ ရပ်နေစဉ်တွင် သော်လည်းကောင်း စီးနင်းလိုက်ပါသူ၏ အသက်ကိုဖြစ်စေ လုံခြုံရေးကိုဖြစ်စေ လေးဖြစ်စေရန် တမင်ပြုလုပ်ခြင်း၊ မဆင်မခြင် သို့မဟုတ် ပေါ့ဆစွာပြုလုပ်ခြင်းတို့အပါအဝင် မည်သည့် ပြုလုပ်မှုကိုမျှ မပြုလုပ်ရ။

 

( ခ)

ရထားပေါ်တွင်ဘေးအန္တရာယ်ဖြစ်စေတတ်သောကုန်စည်ကို ခွင့်ပြုချက်မရှိဘဲတင်ဆောင်ခြင်း သို့မဟုတ် တင်ဆောင်ရန် အာထုတ်ခြင်းမပြုရ။

အခန်း(၁၈) တားမြစ်ချက်

အခန်း(၁၉) ပြစ်ဒဏ်များ

၈၃

မည်သူမျှ

၈၈

မည်သူမဆို

 

(က)

ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို ခိုင်လုံ သောအကြောင်းမရှိဘဲအသုံးမပြုရ၊

 

(က)

ပုဒ်မ ၈၃၊ ပုဒ်မခွဲ(က)မှ(ဇ) အထိပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သောင်း မှ အများဆုံး ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်၊

 

( ခ)

ရထားရှိ ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာကို နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်းမပြုရ၊

 

( ဂ)

ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီခုန်ဆင်းခြင်းမပြုရ၊

 

(ဃ)

ရထားအမိုး၊အကာ၊ခြေနင်း၊တွဲများအကြားနှင့်သတ်မှတ် ခွင့်ပြုချက်မရှိ သောနေရာများပေါ်တွင်စီးနင်းလုက်ပါ ခြင်းမပြုရ၊

 

( င)

ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူ ပြောဆိုခြင်း၊ အနှောက်အယှက်ပေးခြင်းမပြုရ၊

 

( စ)

ရထားပေါ်နှင့်ရထားနယ်နိမိတ်အတွင်းတောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူ သို့မဟုတ် နေထိုင်သူအား ထွက်ခွာသွားရန် တာဝန်ရှိရထားဝန်ထမ်းက ညွှန်ကြား သည်ကိုငြင်းဆန်ခြင်းမပြုရ၊

 

(ဆ)

တာဝန်ရှိ ရထားဝန်ထမ်းကို ဝတ္တရားနှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက် ပြုခြင်းမပြုရ၊

 

( ဇ)

ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းသည့်နေရာ၌ ရထား လာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့် အခါ ဂိတ်ဖွင့်ထားသည်ကို ပိတ်ခြင်းမပြုရ၊

 

(ဈ)

ဆေးလိပ်သောက်ခွင့်မရှိသော ဘူတာနေရာများ၊ တွဲများ ပေါ်တွင် ဆေးလိပ်သောက်ခြင်းမပြုရ။

( ခ)

ပုဒ်မ ၈၃၊ ပုဒ်မခွဲ(ဈ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို တည်ဆဲဥပဒေအရ အရေးယူ ရမည်။

ပုဒ်မ ၉၃။ ဤဥပဒေအရ အရေးယူသည့် ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

 


မြန်မာ့မီးရထားလမ်းကူးများ၌ မတော်တဆမှုမဖြစ်ပွားစေရေးအတွက် ပြည်သူများသို့ အသိပေးကြေညာခြင်း

 

(က)    ရထားသံလမ်းဘေးနှင့် ရထားလမ်းနှစ်လမ်းကြားမှ စက်ဘီး၊ ဆိုင်ကယ်များစီးခြင်း၊ ယာဉ်များ ရပ်ထားခြင်းများကို မပြုလုပ်ကြရန်၊

 

( ခ)   လူ၊ စက်ဘီး၊ ဆိုက္ကား၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ယာဉ်များ အနေဖြင့် အစောင့်နှင့် ဂိတ်တံခါးမထားရှိသော လှည်းလမ်းကူး၊ ကားလမ်းကူးများမှ ဖြတ်သန်း သွားရာ၌ ဘေးဘယ်/ညာကြည့်၍ ရထားမလာကြောင်း သေချာမှ ဖြတ်သန်းကြရန်၊

( ဂ)   လူ၊ စက်ဘီး၊ ဆိုက္ကား၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ယာဉ် များအနေဖြင့် လှည်းလမ်းကူး၊ ကားလမ်းကူးများတွင် ဂိတ်တံခါးပိတ် ထားပါလျက် ဂိတ်တံခါး ဘေးမှ စည်းကမ်းမဲ့ကျော်ဖြတ်ကူးခြင်း မပြုလုပ်ကြရန်၊

(ဃ)    လှည်းလမ်းကူး / ကားလမ်းကူးများတွင် ဂိတ်များကို စနစ်တကျပိတ်ထားပါလျက် မိမိသဘော အလျောက် ဂိတ်တံခါးကိုဖွင့်၍ ရထားလမ်းကို ဖြတ်ကျော်ရန် ကြိုးစားခြင်းမျိုး မပြုလုပ်ကြရန်၊

( င)လှည်းလမ်းကူး/ကားလမ်းကူးများတွင် တာဝန်ထမ်းဆောင်နေသော မီးရထား ဝန်ထမ်းဂိတ်စောင့် များ၏ မတော်တဆမှုကာကွယ်ရေး တာဝန်ထမ်းဆောင်မှုအပေါ် ကျေးရွာပြည်သူများအနေဖြင့် နားလည်စာနာကြရန်၊

( စ) ရထားသည် စက်ခေါင်းနှင့်တွဲများဖြင့် ချိတ်ဆက်ဖွဲ့စည်းပြီး စုစုပေါင်း အလေးချိန် များသောကြောင့် ရုတ်တရက် ရပ်တန့်ရန်ခက်ခဲသည့်အပြင် ဤလမ်းအပေါ်မှ ရှောင်ကွင်း၍ မရသဖြင့် ရထားလမ်းကို အစဉ်အမြဲလမ်း (Permanent way) ဟုခေါ်သည်ကို ကျေးရွာပြည်သူများက နားလည်ကြရန်၊


“ရထားလမ်းကူးဂုံးကျော်(Level Crossing)များ၌ ထိခိုက်/ ဒဏ်ရာရ၊ သေဆုံးခြင်းများ မဖြစ်မပေါ်စေရေးအတွက်

ခြေလျင် ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုး၊ မောင်းနှင်လာသူများ သတိပြု လိုက်နာရန်”

 

၁။ ရထားလမ်းကူးများတွင် အလျင်စလိုဖြတ်ကူးခြင်း၊ ရထားလာနေခြင်း၊ ရှိ/မရှိကို ဂရုမပြုဘဲ ဖြတ်ကူးခြင်း၊ ဆင်ခြင်ကင်းမဲ့စွာ မောင်းနှင်/ဖြတ်ကူးခြင်းများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း များလှပါပြီ။

 

၂။ ရထားလာနေသည်ကို မြင်တွေ့လျက်နှင့် ရထားလမ်းကူးဂုံးကျော်များကို အလျင်စလို ဖြတ်မကူးပါနဲ့၊ ရထားဖြင့် တိုက်မိပြီး သေနိုင်သည်။

၃။ ခြေလျင်ဖြတ်ကူးသူများသည် (ပုဆိုး၊ စောင်၊ ပုဝါများ)ပတ်ထားပြီး ရထားလမ်းအနီး ကပ်၍ ရပ်မနေပါနှင့်။ (ပုဆိုး၊ စောင်၊ ပုဝါများ)လေဟပ်၍ ရထားနှင့် ငြိပြီးပါသွားလျှင် သေနိုင်သည်။

၄။ ဂိတ်တံခါးပိတ်ထားစဉ် ဂိတ်ဘေးဝဲ/ယာရှိ နေရာများမှဝင်၍ ဇွတ်ဖြတ်မကူးပါနှင့် ရထားတိုက်မိပြီး သေနိုင်သည်။

၅။ ဂိတ်တံခါးအား တွန်းဖွင့်၍လည်းကောင်း၊ မောင်းတံ၊ တံခါးအောက်မှ ငုံ့ဝင်၍ လည်းကောင်း ဖြတ်မကူးကြပါနဲ့၊ ရထားဖြင့်ထိခိုက်မိပြီး ‌သေနိုင်သည်။

၆။ စက်တပ်ယာဉ်(မော်တော်ကား၊ ‌ထော်လာဂျီ၊ သုံးဘီး၊ ဆိုင်ကယ်၊ ထွန်စက်၊ ဂွန်ဒေါင်း စသည့်) မောင်းနှင့်သူများသည် ဂိတ်ပိတ်ထားသည်ကိုမြင်လျှင် ဂိတ်မရောက်မီရပ်ပါ။ အရှိန်ဖြင့် ဂိတ်တံခါး အနီးသို့ ဝင်ရောက်လာခြင်းမပြုပါနှင့်။ အရှိန်လွန်၍ ဂိတ်တံခါးအား တိုက်မိကာ ထိခိုက်/ဒဏ်ရာ ရနိုင်သည့်အပြင် ရထားနှင့် တိုက်မိ၍လည်း သေနိုင်သည်။

၇။ ဂိတ်စောင့်မရှိသော ရထားလမ်းကူးဂုံးကျော်များတွင် ဖြတ်မကူးမီရပ်ပါ။ ရထား လာနေခြင်း ရှိ/မရှိ ဘေး ဘယ်/ညာကြည့်ရှု၍ ရထားဖြတ်သန်းရန် မရှိကြောင်း သေချာမှ ဖြတ်ကူးပါ။

၈။ စက်တပ်ယာဉ်မောင်းနှင်သူများသည် ရထားလမ်းကူးဂုံးကျော်များတွင် ဂိတ်စောင့် မရှိခြင်း၊ ဂိတ်တံခါးမပိတ်ခြင်းများ တွေ့ရှိပါက ရထားလာနေခြင်း ရှိ/မရှိ ရပ်တန့် ကြည့်ရှုပြီးမှသာ ဖြတ်ကူးပါ။ ရထားလာနေသည်ကို တွေ့မြင်လျက်နှင့် လွတ်မည် အထင်နှင့် အလျင်စလို ဖြတ်မကူး ပါနဲ့၊ ရထားနှင့်မလွတ်ကင်းဘဲ တိုက်မိလျှင် သေနိုင်သည်။

၉။ ရထားလမ်းကူးနေရာတွင် (ဝဲ/ယာ)မြင်ကွင်းကွယ်နေပါက ရထားလာနေခြင်း ရှိ/မရှိ သတိမမူဘဲ ဖြတ်မကူးပါနဲ့ ရထားလာနေသည်နှင့် ကြုံတွေ့ပါက တိုက်မိပြီး သေနိုင်သည်။

၁၀။ ရထားလမ်းကူးနေရာမရောက်မီ တပ်ဆင်ထားသော “သတိပေး‌ဆိုင်းဘုတ်”များကို ဂရုမပြု/ သတိမမူဘဲ ဖြတ်မကူးပါနှင့် ရထားလာနေသည်နှင့် ကြုံတွေ့ပါက တိုက်မိပြီး ‌သေနိုင်သည်။

၁၁။ ရထားလမ်းအား ဖြတ်သန်း၍ တရားမဝင်လမ်းကူးများပြုလုပ်ပြီး ဆင်ခြင်မဲ့စွာ ဖြတ်ကူး / မောင်းနှင် / သွားလာခြင်း မပြုပါနှင့်၊ ရထားနှင့် ထိခိုက်မိပြီး ‌သေနိုင်သည်။

၁၂။ ခြေလျင်သွားလာ ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုးမောင်းနှင် ဖြတ်ကူးသူများသည် အစောင့်မရှိသော ရထားလမ်းကူးအား ဖြတ်သန်းသွားလာစဉ် လက်ကိုင်ဖုန်းပြောခြင်း၊ နားကြပ်ဖြင့်သီချင်း နားထောင်ခြင်းများ မပြုလုပ်ပါနှင့်၊ ရထားသံကိုမကြားရဘဲ ဖြတ်ကူးမိလျှင် တိုက်မိပြီး သေနိုင် သည်။


“မြန်မာ့မီးရထားလမ်းကူးများ၌ မတော်တဆမှုမဖြစ်ပွားစေရေးအတွက် ပြည်သူများသို့ အသိပေး ကြေညာချက်များ”

 

၁။ ရထားသံလမ်းဘေးနှင့် ရထားလမ်းနှစ်လမ်းကြားမှ စက်ဘီး၊ ဆိုင်ကယ်များစီးခြင်း၊ ယာဉ်များ ရပ်ထားခြင်းများကို မပြုလုပ်ကြရန်

၂။ လူ၊ စက်ဘီး၊ ဆိုက္ကား၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ယာဉ် များအနေဖြင့် အစောင့်နှင့် ဂိတ်တံခါးမထားရှိသော လှည်းလမ်းကူး၊ ကားလမ်းကူးများမှ ဖြတ်သန်းသွားရာ၌ ဘေးဘယ်/ညာကြည့်၍ ရထားမလာကြောင်း သေချာမှ ဖြတ်သန်းကြရန်၊

၃။ လူ၊ စက်ဘီး၊ ဆိုက္ကား၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ယာဉ် များအနေဖြင့် လှည်း လမ်းကူး၊ ကားလမ်းကူးများတွင် ဂိတ်တံခါး ပိတ်ထားပါလျက် ဂိတ်တံခါးဘေးမှ စည်းကမ်းမဲ့ ကျော်ဖြတ် ကူးခြင်းများ မပြုလုပ်ကြရန်

၄။ လှည်းလမ်းကူး/ကားလမ်းကူးများတွင် ဂိတ်များကို စနစ်တကျပိတ်ထားပါလျက် မိမိသဘောအလျောက် ဂိတ်တံခါး ကို ဖွင့်၍ ရထားလမ်းကို ဖြတ်ကျော်ရန် ကြိုးစားခြင်းမျိုး မပြုလုပ် ကြရန်၊

၅။ လှည်းလမ်းကူး/ကားလမ်းကူးများတွင် တာဝန်ထမ်းဆောင်နေသော မီးရထားဝန်ထမ်း ဂိတ်စောင့်များ၏ မတော် တဆမှုကာကွယ်ရေး တာဝန်ထမ်းဆောင်မှုအပေါ် ကျေးရွာပြည်သူ များအနေဖြင့် နားလည်စာနာကြရန်၊

၆။ ရထားသည် စက်ခေါင်းနှင့်တွဲများဖြင့် ချိတ်ဆက်ဖွဲ့စည်းပြီး စုစုပေါင်းအလေးချိန်များသောကြောင့် ရုတ်တရက် ရပ်တန့်ရန် ခက်ခဲသည့်အပြင် ဤလမ်းအပေါ်မှ ရှောင်ကွင်း၍ မရသဖြင့် ရထားလမ်းကို အစဉ်အမြဲလမ်း( Permanent way )ဟုခေါ်သည်ကို ကျေးရွာပြည်သူများက နားလည်ကြရန်။


ph1

ph2

ph3

ph4

ph5

ph6


 

mr

၏ Website သို့ သွားရောက်ရန်