ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အတွက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

၁။       မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်မှ ၂၀၁၉ -၂၀၂၀ထိ ပဉ္စမနှစ် ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့နှင့် သိပ္ပံဘွဲ့ စာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ပဉ္စမနှစ် အင်ဂျင်နီယာဘွဲ့ စာမေးပွဲများ၊ စတုတ္ထနှစ် ရေကြောင်းသိပ္ပံဘွဲ့ စာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသူများသည် ဘွဲ့နှင်းသဘင် တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။ ဘွဲ့လွန်ဒီပလိုမာစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသူများသည် အ‌ဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်-

          ကျင်းပမည့်နေ့                              -         ၁၁-၅-၂၀၂၃ (ကြာသပတေးနေ့)

          ကျင်းပမည့်နေရာ                          -         ဘွဲ့နှင်းသဘင်ခန်းမ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

          ကျင်းပမည့်အချိန်                          -         နံနက် ၈:၀၀ နာရီ

          အစမ်းလေ့ကျင့်မည့်ရက်                 -         ၁၀-၅-၂၀၂၃ (ဗုဒ္ဓဟူးနေ့)

          အစမ်းလေ့ကျင့်မည့်အချိန်              -         နံနက် ၈:၀၀ နာရီ

၂။       ဘွဲ့လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

၃။       လျှောက်ထားသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၂)လအတွင်း ရိုက်ကူးထားသော (2"x1½") အရွယ် ဓာတ်ပုံ(၃)ပုံနှင့် မှတ်ပုံတင်မိတ္တူ(၁)စုံ ပူးတွဲ၍ (၂၆-၄-၂၀၂၃) ရက်နေ့ နောက်ဆုံးထားပြီး ဤတက္ကသိုလ်စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနတွင် လျှောက်ထားနိုင်ပါသည်။ (နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်းပါ ယူဆောင်လာရန်)

၄။       ဘွဲ့နှင်းသဘင်တက်ရောက်လိုသူများသည် ဘွဲ့နှင်းသဘင်‌ကြေး ၁၅၀ဝိ/-(ကျပ်တစ်ထောင့်ငါးရာ တိတိ)၊ အ‌ဝေးရောက်ဘွဲ့ယူလိုသူများသည် ဘွဲ့နှင်းသဘင်‌ကြေး ၁၀၀ဝိ/-(ကျပ်တစ်ထောင် တိတိ) ပေးသွင်းရပါမည်။

၅။       ဘွဲ့တက်ရောက်မည်ဟု လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူရန် ပျက်ကွက်သူများ၏ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များထုတ်ပေးသည့် အချိန်တွင်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။

၆။      ဘွဲ့ဝတ်စုံထောက်ခံစာများကို (၈-၅-၂၀၂၃)ရက်နေ့ (တနင်္လာနေ့)မှစ၍ ဤတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနတွင် ထုတ်ပေးမည်ဖြစ်ပါသည်။

၇။      အစမ်းလေ့ကျင့်သည့်ရက်နှင့် ဘွဲ့နှင်းသဘင်ကျင်းပသည့်ရက်များတွင် အမျိုးသားဝတ်စုံ  သို့မဟုတ် တိုင်းရင်းသားဝတ်စုံ  သို့မဟုတ် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ရမည်ဖြစ်ပြီး ဘွဲ့ယူမည့်သူများနှင့် ဧည့်သည်တော်များသည်အခမ်းအနားမစတင်မီ မိနစ်၃၀ ကြိုတင်၍ ခန်းမ အတွင်း ရောက်ရှိနေရာယူပြီးဖြစ်ရပါမည်။ ဘွဲ့တက်ရောက်ယူမည့်သူများသည် အစမ်းလေ့ကျင့်ခြင်း အခမ်းအနားကို မပျက်မကွက် တက်ရောက်ကြရမည်။

၈။       အသေးစိတ် အချက်အလက်များကို ဤတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာန ဖုန်း   ၀၉-၄၄၅ ၈၅၉ ၈၇၇ တွင် စုံစမ်း မေးမြန်းနိုင်ပါသည်။

 

                                                                                                                                                      မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်