ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ကို Online မှတဆင့် ကျင်းပသွားမည်

၁။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ (တနင်္ဂနွေနေ့) ၁၆း၀၀ နာရီ မတိုင်မီ ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံသို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ်အချက် အလက်များကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်-

https://www.ncsc.gov.mm/CAVC2024_RegistrationForm.pdf

https://www.ncsc.gov.mm/CAVC2024_Announcement.pdf

၂။       ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများ အနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာ စေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2024) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ်ပါသည်။

၃။       ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပထမဆု        – ငွေကျပ် (၁၅)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ခ)   ဒုတိယဆု       – ငွေကျပ် (၁၀)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ဂ)   တတိယဆု     – ငွေကျပ် (၇)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ဃ)    နှစ်သိမ့်ဆု      – ငွေကျပ် (၃)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(င)   နှစ်သိမ့်ဆု      – ငွေကျပ် (၃)သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

၄။       ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၄ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition(2024) သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

၅။       ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ဗီဒီယိုဖိုင်များအား ပြိုင်ပွဲကျင်းပရေး ကော်မတီထံသို့ [email protected] သို့ email မှတစ်ဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲ အကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ