ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ပြီ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် ၂၀၂၄ခုနှစ် ၊ ဧပြီလ () ရက်နေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများ၊ အဆိုပါ ရထားလမ်းပိုင်းရှိဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ စစ်ဆေးပြီး တောင်ငူမီးရထားတိုင်းရုံး၌ တိုင်းအဆင့်အရာထမ်းများအားတွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်း ရထားမတော်တဆမှုများ ဖြစ်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။

ဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းကောင်းမွန်ရန်အတွက် ကျောက်ပါကင်ရိုက်ခြင်းသည် အဓိကကျပြီး အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် စနစ်တကျကျောက်ဖြည့်တင်း၍ Hand Tamping Machineအပြင် Automatic Leveling, Lining & Tamping Machine (ALLTM)စကက်ကြီးများဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းအား သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignmentနှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေး၍ လဲလှယ်သွားရန်နှင့် တံတားများရှိလဲလှယ်ရန် ကျန်သည့် ဆွေ့မြေ့နေသည့် သစ်သားဇလီဖားတုံးများအား အမြန်လဲလှယ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထား တိုင်းအဆင့်အရာထမ်းများနှင့် တွေ့ဆုံး၍ မိမိတိုင်းနယ်မြေအတွင်း ရထားမတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဝန်ထမ်းများအား မွမ်းမံသင်တန်းပေးခြင်း၊ Maintenance Manual များအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ခြင်း၊  Simi Mechanize စနစ်ဖြင့် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခရီးသွားပြည်သူများအား ဝန်ဆောင်မှုပေးရာတွင်လည်း Service Manual များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင်ရထားများ ဝင်ချိန်/ထွက်ချိန် မှန်ကန်စေရေး၊ ဘူတာများ သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်သွားရန်၊ အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီးပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့် မြန်မာ့မီးရထားရှိဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပုံမှန်ဆေးကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားရန် တို့ကိုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန