နေ့စား ဝန်ထမ်းများ ခေါ်ယူခြင်း

MPT

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင် နေ့စားဝန်ထမ်းများ ခန့်ထားရန် ရှိပါသဖြင့် မည်သူမဆို သက်ဆိုင်ရာ ဌာန၊ ပြည်နယ် / တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် လျှောက်လွှာပုံစံ ရယူ လျှောက်ထားနိုင်ပါသည် -

လျှောက်လွှာနှင့်အတူ -

(က)  Passport ဓာတ်ပုံ (၁)ပုံ
(ခ)
  တက္ကသိုလ်ဝင် အောင်လက်မှတ် မိတ္တူ
(ဂ)
  နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူ
(ဃ)
  အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက် (သို့မဟုတ်)   ပြန်တမ်းဝင်အရာရှိ   တစ်ဦးဦး၏ ထောက်ခံချက်
(င)
  အခြားတက်ရောက်ပြီးသည့် သင်တန်းအောင်လက်မှတ်များ ပူးတွဲပေးပို့ရပါမည်။

  လျှောက်ထားလိုသူများသည် ဖော်ပြပါအချက်အလက်များနှင့်တကွ သက်ဆိုင်ရာ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီး ရုံးများ၊ ရုံးခွဲများ (သို့မဟုတ်) [email protected] သို့ (၃၁-၁၀-၂၀၂၁) ရက်နေနောက်ဆုံးထားပေးပို့လျှောက်ထား နိုင်ပါသည်။ အသေးစိတ် အချက်အလက်များသိရှိလိုပါက အောက်ပဖုန်းနံပတ်များသို့  ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်-

၀၉-၄၂၃၀၀၆၃၄၆

၀၉-၄၂၃၀၀၆၃၄၇