ဘောလုံးချစ်သူများ ၂၀၂၂-၂၀၂၃ အင်္ဂလိပ်ပရီးမီးယားလိဂ် တိုက်ရိုက် (Live) ပွဲစဉ်များကို သက်သာသောနှုန်းထားဖြင့် MPT IPTV တွင် ကြည့်ရှုနိုင်ရန် MPT မှ IPTV Pack အားစတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ဘောလုံးချစ်သူ မြန်မာများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို ဆောင်ကြဉ်းပေးနိုင်ရန် နှင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ တိုက်ရိုက် (Live) ပွဲစဥ်များကို MPT IPTV မှတစ်ဆင့် သက်သာသောနှုန်းဖြင့် ကြည့်ရှုနိုင်စေရန် “IPTV Pack” ကို မိတ်ဆက်လိုက်ပါသည်။ MPT အနေဖြင့် ယခုအစီအစဥ်အား မြန်မာနိုင်ငံတွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ ကို တရားဝင် သီးသန့် ထုတ်လွှင့်သူဖြစ်သည့် SKYNET နှင့် “တစ်ဦးတည်းသော တယ်လီကွန်း ပါတနာ” အဖြစ် ပူးပေါင်းကာ ယူဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

မြန်မာဘောလုံးချစ်သူများ သုံးစွဲရလွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်ပိုမိုသက်သာမှုရှိစေရန် အတွက် “IPTV Pack” အထူးပက်ကေ့ချ်အား အမျိုးအစား (၂) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေနှင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ရွေးချယ်ဝယ်ယူနိုင်သော အမျိုးအစားများမှာ_

အမျိုးအစား 
(ကုန်သွယ်ခွန် 
ပါဝင်ပြီး) 
စျေးနှုန်း ဒေတာ သက်တမ်း စာတို  (SMS) တိုက်ရိုက် USSD အက်ပလီကေးရှင်း 
IPTV Pack  ၉၉၉ ၉၉၉ ကျပ်1000MB၃ ရက်စာတိုSMS IPTV1 အား 1331 သို့ပို့ပါ *2022*1# MPT4U (သို့)
MPT Pay (သို့)
အခြား Pay အက်ပလီကေးရှင်းများ
IPTV Pack ၁၉၉၉၁,၉၉၉ကျပ် 3000MB၇ ရက် စာတိုSMS IPTV2 အား 1331 သို့ပို့ပါ *2022*2# MPT4U (သို့)
MPT Pay (သို့)
အခြား Pay အက်ပလီကေးရှင်းများ

SKYNET ရုပ်သံလိုင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအရ MPT သုံးစွဲသူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ ပွဲစဥ်များကို “MPT IPTV” ပေါ်တွင် စာရင်းသွင်းခ ပေးရန်မလိုဘဲ အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဘောလုံးချစ်သူများအနေဖြင့် ပွဲစဉ်များကို သီးသန့်ရုပ်သံလိုင်းများဖြစ်သည့် SPORTS-1,
SPORTS-2, SPORTS-3, SPORTS-4, SPORTS-5 & SPORTS-6 (SPORTS-6 အား MPT IPTVတွင် အချိန်ပြည့်ထုတ်လွှင့်သွားမည်) တို့မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ အချိန်မအားလပ်၍ တိုက်ရိုက်ပွဲစဥ်များကို မကြည့်ရှုနိုင်ပါကလည်း Goals of the week, Goal Rush နှင့် Highlight ဗွီဒီယိုများကို “MPT IPTV” ပေါ်တွင် ကြည့်ရှုနိုင်ပါသည်။

“MPT IPTV” သည် သုံးစွဲရလွယ်ကူသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Android နှင့် iOS အက်ပလီကေးရှင်းနှစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ သုံးစွဲသူများအနေဖြင့် MPT IPTV ကို အောက်ပါ နည်းလမ်းများအတိုင်း ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

၁။ https://bit.ly/mpt-iptv–pr (mobile browser ဖြင့် ဝင်ရောက်ရန်)
၂။ USSD *7373# သို့ ခေါ်ဆို၍ ရယူနိုင်ခြင်း
၃။ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဗားရှင်းမှတစ်ဆင့် ဝန်ဆောင်မှု သင်္ကေတများပေါ်တွင် ပြသထားသည့် “MPT IPTV” သင်္ကေတကို နှိပ်ခြင်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း
၄။ လိုတရ ဝက်ဘ်ပေါ်တယ်မှ ဒေါင်းလုတ်လုပ်၍ ရယူခြင်း- https://bit.ly/3I3Tnt7

MPT IPTV တွင် ထင်ရှားသော ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ၊ တီဗွီရုပ်သံလိုင်းများ အပါအဝင် နာမည်ကြီး ပြည်တွင်း ပြည်ပ ရုပ်ရှင်များ၊ ဒရာမာရှိုးများ၊ မှတ်တမ်းရုပ်ရှင်များနှင့် ကလေးများအတွက် အစီအစဉ်များစွာ ပါဝင်ပါသည်။ သုံးစွဲသူများသည် MPT IPTV မှတစ်ဆင့် အဆိုပါရုပ်သံလိုင်းအစီအစဥ်များကို မိသားစုများ သို့မဟုတ် သူငယ်ချင်းများနှင့်အတူ ကြည့်ရှုရင်း စိတ်လှုူပ်ရှားပျော်ရွှင်ဖွယ်အချိန်များကို ခံစားနိုင်မည်ဖြစ်သည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။

MPT IPTV အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။