မြစ်ရေကြီးခြင်းသတိပေးချက်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

          ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ကလေးဝမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm