မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် Collegiate Scholarship ပညာသင်ဆုနှင့် ပညာသင် ထူးချွန်ဆု ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရန်ကုန်၊ ၈-၂-၂၀၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထူးချွန်ဆုနှင့် Collegiate Scholarship ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို --၂၀၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Collegiate Scholarship ပညာသင်ဆုကို ၂၀၁၆ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ဝိပ္ပံ ဘာသာတွဲ၌ အမှတ်အများဆုံးရရှိသည့်  Final Year ME မှ မောင်အောင်ချစ်မင်းအားလည်းကောင်း၊ ၂၀၁၇ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ဝိပ္ပံ ဘာသာတွဲ၌ အမှတ်အများဆုံး ရရှိသည့် Fourth Year ME မှ မောင်လျှမ်းထက်ကောင်းနှင့် မောင်ဉာဏ်လင်းကျော်တို့အား လည်းကောင်း၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ဝိပ္ပံ ဘာသာတွဲ၌ အမှတ်အများဆုံးရရှိသည့်  Third Year ME မှ မောင်မင်းထက်ကျော်အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ပညာသင်ထူးချွန်ဆုကို ၂၀၁၉ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ဝိပ္ပံ ဘာသာတွဲ၌ အမှတ်အများဆုံး ရရှိသော Second Year NS မှ မောင်ကျော်ဇင်လှိုင် အား ပေးအပ်ခဲ့ပါသည်။ 

အခမ်းအနားသို့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒုတိယပါမောက္ခချုပ်(စီမံ) ဌာနမှူး(သင်ကြား) သက်ဆိုင်ရာဌာနမှူးများ မော်ကွန်းထိန်းများနှင့် ပညာသင်ထူးချွန်ဆု နှင့် Collegiate Scholarship ပညာသင်ဆု ရရှိကြသည့် ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်