မြန်မာ့မီးရထားမှလူစီးရထားနှင့်ကုန်ရထားများပြေးဆွဲခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ခရီးသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများပြေးဆွဲလျက်ရှိ

နေပြည်တော် စက်တင်ဘာလ ၂၉ ရက်

            မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအားကျန်းမာရေးဝန်ကြီးဌာန၏ Standard Operating Procedure SOP လမ်းညွှန်ချက်နှင့်အညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

         ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတော်က အများပြည်သူ ရုံးပိတ်ရက်သတ်မှတ်ထားသည့်ကာလအတွင်း မဖြစ်မနေ ခရီးသွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် မြန်မာ့မီးရထားမှ ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင်အမြန်ရထား(၁)စင်း ၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စာပို့ရထား(၁)စင်း၊ ကန့်ဘလူ-မန္တလေး လမ်းပိုင်းတွင် RBE ရထား(၂)စင်း ၊ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် စာပို့ရထား(၂)စင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်းတွင်လူစီးကုန်တင်ရထား (၂)စင်း၊မော်လမြိုင်-ရေးလမ်းပိုင်းတွင်လူစီးကုန်တင်ရထား(၁)စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်း တွင် စာပို့ရထား(၁)စင်းနှင့် ရန်ကုန်မြို့ပတ်ဆင်ခြေဖုံးလမ်းပိုင်းများတွင် RBE ရထား(၂၂)စင်း နေ့စဉ် ပြေးဆွဲပေးခဲ့ပြီဖြစ်ပါ သည်။

          ယခုအခါ ရုံးများ၊ စက်ရုံ/အလုပ်ရုံများပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါသဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ရန်ကုန်- နေပြည်တော်လမ်းပိုင်းတွင် လူစီးအမြန်ရထား(၁)စင်း ၊ ရန်ကုန်- ပဲခူး လမ်းပိုင်းတွင် RBE ရထား(၂)စင်း၊ အင်းစိန်-ဥက္ကံလမ်းပိုင်းတွင် RBE ရထား(၂)စင်း ၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် လူစီးကုန်တင်ရထား(၃)စင်းထပ်မံတိုးချဲ့၍နေ့စဉ် ပြေးဆွဲပေးလျက်ရှိပါသည်။ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရန်ကုန်-ပြည်လမ်းပိုင်းတွင်စာပို့ရထား (၁)စင်းနှင့် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းတွင်အမြန်ရထား(၁)စင်းတို့ကို ထပ်မံတိုးချဲ့၍ နေ့စဉ်အစုန်/အဆန် ပြေးဆွဲ ပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

          ထို့အပြင် ရထားစီးခရီးသွား ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ကုန်စည်ပစ္စည်း များကို လိုရာခရီးသို့ ပို့ဆောင်နိုင်ရေးအတွက်  ခရီးသည်စီးနင်းမှုနှင့် ကုန်တင်ပို့မှုများပြားလာမှု အပေါ်မူတည်၍ ခရီးသည်နှင့် ကုန်ရထားများအား ခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်း၊ တွဲဆိုင်းများထပ်မံ တိုးချဲ့၍နေ့စဉ်စုန်/ဆန်ပြေးဆွဲထားရန်စီစဉ်ထားရှိပါကြောင်းသိရှိရပါသည်။

မြန်မာ့မီးရထား

mr