မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၆:၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် (၃၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။