မြေငလျင်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၃၉) မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၃၆မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၅.၅၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။