မြေငလျင်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၅၁) မိနစ်၊ (၂၃) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၀)ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။