မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၂၁)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၄၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက် (၁၀၂) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

