လိုင်စင်စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ အကြုံပြချက်များတောင်းခံခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေ ဖြင့် ဆက်သွယ်ရေးဥပဒေနှင့်လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ များနှင့်အညီ ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (၄) မျိုးအား ခွင့်ပြုပေးလျက်ရှိရာ ယနေ့ထိ လိုင်စင် ရရှိသူ အရေအတွက် (၁၂၂) ဦးရှိပြီဖြစ်ပါသည်။

ထိုကဲ့သို့ ခွင့်ပြုပေးခဲ့သော လိုင်စင်ရရှိသူများအနက် အချို့မှာ လိုင်စင်ပါစည်းကမ်းချက် များနှင့် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း အချို့လိုင်စင်ရရှိသူများမှာ လိုင်စင်ပါလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ လိုင်စင်တင်ပြ လျှောက်ထားခဲ့စဉ်က ဖော်ပြခဲ့သော ဆက်သွယ်ရမည့် ပုဂ္ဂိုလ်၊ လိပ်စာ၊ email များ ပြောင်းလဲရာတွင် ဌာနသို့တရားဝင် အသိပေးအကြောင်းကြားခဲ့ခြင်း မရှိသည့်အတွက် ဆက်သွယ်ဆောင်ရွက်ရန်ခက်ခဲခြင်း၊ ထို့ပြင် လုပ်ငန်းလိုင်စင်များရယူခဲ့သည့် အချိန်မှစ၍ ဝန်ဆောင်မှုများဆောင်ရွက်နိုင်မှု မရှိသေးခြင်းကြောင့်  နှစ်စဉ်ကြေးများ ပေးသွင်းနိုင်မှု မရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကိုလည်း နှစ်စဉ် ထိခိုက်လျက်ရှိခြင်းတို့ကို စိစစ်တွေ့ရှိ ရပါသည်။

          သို့ဖြစ်ပါ၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည့် လိုင်စင်များအား ကာလတစ်ခုသတ်မှတ်၍ ပယ်ဖျက်ပိတ်သိမ်းသွားနိုင်ရေး (သို့မဟုတ်) လုပ်ငန်းဆောင်ရွက် နိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှစ်စဉ်ကြေးအား ပုံသေနှုန်းထားဖြင့် သတ်မှတ် ကောက်ခံရေး ဆောင်ရွက်သွားနိုင်ရန်အတွက် လိုင်စင်ရရှိသူများအပါအဝင် အများပြည်သူမှ အကြံပြု ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

          အကြံပြုချက်များအား (၃၀-၆-၂၀၁၇) ရက်နေ့မတိုင်မီ ညွှန်ကြားရေးမှူးချုပ်၊ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မူ၍ စာဖြင့်လည်းကောင်း၊ [email protected] အီးမေးလ် လိပ်စာသို့လည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန