သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ စက်တင်ဘာ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ စက်တင်ဘာလ ၂၇ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု (အရာရှိ)သင်တန်းအမှတ်စဥ် (၃/ ၂၀၂၁)၊ ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်း အမှတ်စဥ်(၆/ ၂၀၂၁)၊ အချက်ပြဆက်သွယ်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ်(၁ / ၂၀၂၁)၊ စာတိုက်စစ်ဆေးရေးသင်တန်းအမှတ်စဥ်(၃/ ၂၀၂၁)နှင့် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဥ် (၄ /၂၀၂၁)တို့သင် တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည်သင်တန်းသူသင်တန်းသားများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း