သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ စက်တင်ဘာ ၂၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ) သင်တန်းအမှတ်စဥ်(၃၁/ ၂၀၂၁)၊ ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်​ရေး သင်တန်းအမှတ်စဥ်(၅ /၂၀၂၁)၊ သံလမ်း(ဉာဏ်သစ်လောင်း) လုပ်သားခေါင်းဇာဝီလှည့်သင်တန်းအမှတ်စဥ်(၅၂/ ၂၀၂၁)၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းအမှတ်စဥ်(၁၄/၂၀၂၁) ၊ A+ Computer hardware သင်တန်းအမှတ်စဥ် (၂/၂၀၂၁)၊ IP Networking သင်တန်းအမှတ်စဥ်( ၄/ ၂၀၂၁)စသည့်သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက်ကျောင်းအုပ်ကြီးသည်သင်တန်းသူ/သားများကိုရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ထပ်မံမှာကြားရှင်းလင်းခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း