သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊အောင်ဆန်းခန်းမ ၌အောက်တိုဘာလ ၄ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ရထားသင်တန်းဌာနခွဲကဖွင့်လှစ်သည့် စက်ခေါင်းမောင်း (လက်ထောက် -၂)သင်တန်းအမှတ်စဥ်(၂၉/၂၀၂၁)နှင့် စက်ခေါင်းမောင်း(လက်ထောက် -၂)သင်တန်းအမှတ်စဥ် (၃၀/၂၀၂၁)တို့၏သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ် ကြီးဦးမင်းချစ်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသားများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်မှာကြားရှင်းလင်းခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း