အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း - MAI နှင့် မြန်မာအမျိုးသားလေကြောင်း- MNA တို့မှ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သရုပ်ပြ လုပ်ဆောင်မှုများ ကျင်းပခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများသို့ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းနှင့် မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းများဖြင့် ခရီးသွားလာနေကြသော ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ AIRBUS A-319 လေယာဉ် အမျိုးအစားနှင့် မြန်မာအမျိုးသားလေကြောင်း (MNA)မှ Boeing - 737-800၊ Embraer E-190 လေယာဉ်အမျိုးအစား များဖြင့် အောက်တိုဘာ (၈)ရက်နှင့် (၉)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေယာဉ်ရပ်နားရာ နေရာနှင့် လေယာဉ် မွမ်းမံပြင်ဆင်ရေးရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း Boeing - 737-800၊ Embraer E-190 လေယာဉ် အမျိုးအစားများဖြင့် လေယာဉ်ပြင်ဆင်ရုံတွင် လေယာဉ်ဝန်ထမ်းများ၊ ခရီးသည်များ၊ လေယာဉ်မှူး များမှလည်း လေယာဉ်ပေါ်တွင် အရေးပေါ်လုပ်ငန်းများ သရုပ်ပြ ဆောင်ရွက်မှုဆိုင်ရာများ၊ အရေးပေါ် ရေပြင်ပေါ်သို့ ဆင်းသက်ခြင်း၊  လေယာဉ်ပေါ်မှ အရေးပေါ် ခုန်ထွက်ခြင်းနှင့် ပတ်သက်၍ သရုပ်ပြ ဆောင်ရွက်နေမှုများအား တက်ရောက် ကြည့်ရှု အားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။