(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် အားကစားပြိုင်ပွဲများကျင်းပခြင်း

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အားကစားပြိုင်ပွဲများတွင် ဘော်လီဘောပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ (မီတာ၁၀၀၊ မီတာ၂၀၀)၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်ချည်ကြိုးထိုးပြိုင်ပွဲ၊ မုန့်စား ပြိုင်ပွဲနှင့် လွန်ဆွဲပွဲများကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ပျော်ရွင် စည်ကား သိုက်မြိုက်စွာ ပါဝင် ခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီးတွင် အားကစားပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အားကစားပွဲများကို ပျော်ရွင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။