ASEAN Digital Awards 2024 (ADA 2024) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

 

          အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို မြှင့်တင်နိုင်ရေး အတွက် ASEAN ICT Masterplan 2015 ၊ ASEAN ICT Masterplan 2020 နှင့် ASEAN Digital Masterplan 2025 များကို ဖော်ဆောင်သောအားဖြင့် ASEAN Digital Minister’s Meeting (ADGMIN) နှင့် ASEAN Digital Senior Officials Meeting (ADGSOM) ၏ လုပ်ငန်းစီမံချက် အောက်တွင် ASEAN Digital Awards ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှ စတင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များက နှစ်စဉ်အလှည့်ကျကျင်းပခဲ့ပါသည်။

          ASEAN Digital Awards ပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွန့်ဦးတီထွင်သူများ၊ အဖွဲ့ အစည်းများအကြား ဆန်းသစ်တီထွင်ဖန်တီးမှုများတွင် အောင်မြင်မှုများကို အသိအမှတ်ပြုကာ စီးပွားရေးနှင့်ကုန်သွယ်ရေးအခွင့်အလမ်းများ ရရှိနိုင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ASEAN Digital Products များကို ဒေသတွင်းသာမက နိုင်ငံတကာအသိအမှတ်ပြု လာနိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

          ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ASEAN Digital Awards 2024 (ADA 2024) ပြိုင်ပွဲကို 4th ADGMIN အစည်းအဝေးအလှည့်ကျသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် စင်္ကာပူနိုင်ငံမှ Organize ပြုလုပ်၍ ကျင်းပမည်ဖြစ်ပါသည်။

          ပြိုင်ပွဲတွင် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား ခေါင်းစဉ် (Award Category) (၆) ခု ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်-

(၁)     The Public Sector Category

(၂)      The Private Sector Category 

(၃)     Digital Inclusivity Category

(၄)     Digital Content Category 

(၅)     Digital Start-up Category နှင့်

(၆)     Digital Innovation Category

          အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယဆု များ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် “4th ASEAN Digital Ministers’ Meeting (4th ADGMIN) အစည်းအဝေးတွင် ဆုရရှိသူများကို ASEAN Digital Awards ဆုတံဆိပ်နှင့် ဆုလက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များအားလုံးသို့လည်း အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

          ပြိုင်ပွဲကို အဆင့်() ဆင့်ဖြင့် ပြုလုပ်ထားပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများက မိမိ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သည့် product ၏ အသေးစိတ်အချက်အလက်များနှင့် Video file အား သက်ဆိုင်ရာ Country Coordinator မှတစ်ဆင့် အွန်လိုင်းမှ ပေးပို့လျှောက်ထားရပါမည်။ ဒုတိယအဆင့်တွင် ပြိုင်ပွဲဝင်များ၏ product ၏ အသေးစိတ်အချက်အလက်များနှင့် Video file များကို အာဆီယံနိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ အွန်လိုင်းစနစ်ဖြင့် ပဏာမအကဲဖြတ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး တတိယအဆင့်တွင် ယှဉ်ပြိုင်သည့်အဖွဲ့များထဲက Finalist (၁၈) ဖွဲ့အား  ရွေးချယ်၍ စာရင်းအား ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ စတုတ္ထအဆင့်တွင် Finalist (၁၈) ဖွဲ့အား  စင်္ကာပူနိုင်ငံသို့ ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များ၏ Presentation တင်ပြချက်များအား အာဆီယံနိုင်ငံ များ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ Onsite ဖြင့် အပြီးသတ်အကဲဖြတ်ခြင်း  ပြုလုပ်မည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို 4th ASEAN Digital Ministers’ Meeting (4th ADGMIN) အစည်းအဝေး၏ Gala Dinner တွင် ဆုပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

          ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအနေဖြင့် Website https://www.asean digitalawards.com/ တွင် ပြိုင်ပွဲဆိုင်ရာ အချက်အလက်များအား ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲ ဝင်ပုံစံ (Entry Form) အား မြန်မာနိုင်ငံ၏ Coordinator ဖြစ်သူ ဒေါ်ချောခင်ခင် ၊ [email protected] ဖုန်း– 095058112 သို့ ဆက်သွယ်၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ မတိုင်မီ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။ ထပ်မံသိရှိလိုသည့်အချက်များရှိပါက အပြည်ပြည် ဆိုင်ရာဆက်ဆံရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဖုန်း- ၀၆၇ ၃၄၀၇၂၃၁ နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဖုန်း- ၀၁ ၈၆၅၂၃၀၇ ထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

          စင်္ကာပူနိုင်ငံမှ တာဝန်ယူကျင်းပပြုလုပ်မည့် ASEAN Digital Awards 2024 (ADA 2024) ပြိုင်ပွဲသို့ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့်ပြိုင်ပွဲဝင်များ နှင့် စိတ်ပါဝင်စားသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသိပေးဖိတ်ခေါ်အပ်ပါသည်။