Attending APCERT Annual General Meeting and Conference 2018, Shanghai, China

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်မှ (၂၅) ရက်ထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် “China-ASEAN Network Security Emergency Response Capacity Building Seminar” သို့ တက်ရောက်ရန်အတွက် mmCERT မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ နံနက် ၁၀း၃၅ နာရီတွင် ထွက်ခွာသွားပါသည်။ . Seminar နှင့်အတူ APCERT ၏ နှစ်စဉ်ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သလို “Strengthen Information Sharing for Effective and Cooperative Emergency Response” အမည်ဖြင့်လည်း ညီလာခံကို ကျင်းပမည် ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်-အာဆီယံ CERT များအကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားအား မြှင့်တင်ရန်၊ ဆိုက်ဘာလောကတွင် ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများနှင့် နောက်ဆုံးပေါ်နည်းပညာများကို ပိုမိုနားလည်လာစေရန်၊ ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် ကြုံတွေ့ရသော အတွေ့အကြုံများနှင့် လေ့ကျင့်ဆောင်ရွက်မှုများကို ဝေမျှရန်၊ ဒေသတွင်း အင်တာနက်များအား ကာကွယ်ရန်နှင့် လုံခြုံစိတ်ချရစေရန်အတွက် ကွန်ရက်လုံခြုံရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု စွမ်းရည်ကို တိုးတက်လာစေရန် ဖြစ်ပါသည်။ . အလားတူ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စာတမ်းဖတ်ပွဲဖြစ်သည့် FIRST Regional Symposium ကိုလည်း အောက်တိုဘာ (၂၅)ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး “Routing Security”၊ “Advanced Analytics on Sophisticated Nigerian Cybercriminals and Their Multi-year Take of $3 Billion BEC-Related Losses”၊ “Sysmon Log Analysis Tool -Sysmon Search”၊ “Case Study on IoT Botnet in Post-Mirai Era”၊ “Threat Hunting, The New Way”၊ “Unknown Threat Detection – The Key Ability of APT Defense”၊ “Threat Intelligence Drive Threat Hunting” နှင့် “Leverage OSINT to Trace APT Group” ခေါင်းစဉ်များကို နိုင်ငံတကာမှ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများမှ ဆွေးနွေးကြမည် ဖြစ်ပါသည်။ . မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ mmCERT မှ ဒေါ်ရွှေဝတ်ရည်နှင့်ဒေါ်ဇင်မာလွင်တို့လည်း လိုက်ပါသွားကြပါသည်။