Earthquake News Published: 12 Jan, 2024 Place: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၀၈း၄၅ နာရီ အချိန်ထုတ်ပြန်ချက်) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ဘက် (၂၈) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၀၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။