MPT က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာ “အချီကြီးထော” ကံစမ်းမဲအစီအစဥ် နှင့် ၂၀၂၃ ခုနှစ်ကို ကြိုဆို

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်) – MPT က သုံးစွဲသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို ယူဆောင်ပေးရန် နှင့် နှစ်သစ်တွင် ဆုငွေအချီကြီး ကံထူးရရှိနိုင်စေရန် ရည်ရွယ်၍ “အချီကြီးထော”ကံစမ်းမဲ အစီအစဥ်ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ယခုအစီအစဥ်သည် MPT မှ အမြဲအတူ ရှိနေပေးသည့် သုံးစွဲသူပြည်သူများအား ကျေးဇူးတုံ့ပြန်သည့် အစီအစဥ်တစ်ခု ဖြစ်ပါသည်။ ဆုငွေတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၁၂၀၀) ရှိသည့် “အချီကြီးထော” ကံစမ်းမဲအစီအစဥ်တွင် ကံထူးရှင် စုစုပေါင်း ၁၀၂ ဦးရွေးချယ်သွားမည် ဖြစ်ပါသည်။

MPT GSM/WCDMA Prepaid နှင့် Postpaid စနစ် အသုံးပြုသူများအားလုံးသည် ယခုအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ ဖုန်းဘေလ် အနည်းဆုံး ကျပ် ၁,၀၀၀ ဖြည့်သွင်းခြင်း (သို့) ၆၉၉ကျပ်နှင့်အထက် ဒေတာနှင့် Bundle ပက်ကေ့ချ်ဝယ်ယူခြင်း (သို့) MPT Club ပွိုင့်များကို MPT မိုဘိုင်းဝန်ဆောင်မှုများနှင့် လဲလှယ်ခြင်းတို့ကို ကြိုက်နှစ်သက်ရာ နည်းလမ်းမှ ဆောင်ရွက်ခြင်းဖြင့် ကံစမ်းခွင့်လက်မှတ်(များ) လက်ခံရရှိပြီး ယခု ကံစမ်းမဲအစီအစဥ်တွင်ပါဝင်ပြီး ဆုငွေများကံထူးနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် ကံစမ်းမဲကာလအတွင်း အထက်ဖော်ပြပါနည်းလမ်းများထဲမှ မိမိနှစ်သက်ရာနည်းလမ်းကို များများအသုံးပြုခြင်းဖြင့် ကံစမ်းခွင့်လက်မှတ် အရေအတွက်ပို၍ များများ ရရှိနိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများ၏ အသုံးပြုသည့်နည်းလမ်း နှင့် သုံးစွဲသည့် ပမာဏအပေါ်မူတည်၍ ရရှိသည့် ကံစမ်းခွင့်လက်မှတ် အရေအတွက်လည်း ကွာခြားသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် အနည်းဆုံး ကျပ် ၂၀၀၀ (သို့မဟုတ်)အနည်းဆုံး ၂၉၉ ပွိုင့် အသုံးပြုပြီး ဖုန်းဘေလ်ဖြည့်ခြင်း၊ ပက်ကေ့ချ်ဝယ်ယူခြင်း၊ MPT Club ပွိုင့်များကို အသုံးပြု လဲလှယ်ခြင်းတို့အတွက် MPT4U အက်ပလီကေးရှင်း မှတစ်ဆင့် လုပ်ဆောင်ပါက ပုံမှန်ရရှိနိုင်သည့် ကံစမ်းခွင့်လက်မှတ်ထက် အစောင်ရေ (၃ဆ) ပိုမိုရရှိနိုင်မည်ဖြစ်ပြီး အခြားနည်းလမ်းများမှတစ်ဆင့် လုပ်ဆောင်ပါက အစောင်ရေ(၂ဆ) ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။

အသုံးပြုသောနည်းလမ်း နှင့် သုံးစွဲသည့် ပမာဏအပေါ် မူတည်၍ ရရှိနိုင်သည့် ကံစမ်းခွင့်လက်မှတ် အစောင်အရေအတွက် ကွာခြားပုံကို အောက်ပါဇယားတွင် အသေးစိတ်ဖော်ပြထားပါသည်။

“အချီကြီးထော” ကံစမ်းမဲအစီအစဥ်အား နှစ်ပတ်တိတိ ကျင်းပသွားမည်ဖြစ်ပြီး ဆုအမျိုးအစား၊ ကံထူးရှင်အရေအတွက် နှင့် ကံထူးရှင်များအား ကြေညာသွားမည့်ရက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ရက်သတ္တပတ်များ
ဆုများစာရင်း
အရေအတွက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် မှ ၂၈ ရက်နေ့အထိ
MPT Pay 1 million
၅၀
MPT Pay 10 million
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ မှ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ
MPT Pay 1 million
၅၀
MPT Pay 10 million
စုစုပေါင်းအရေအတွက်
၁၀၂

မှတ်ချက်- ဆုငွေကို ကံထူးရှင်၏ MPT Pay အကောင့်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် MPT မှ ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးသွားသူများအား ဖုန်းဆက် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များ၏ အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့တွင်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။ “အချီကြီးထော” ကံစမ်းမဲ အစီအစဥ်၏ စည်းမျဥ်းစည်းကမ်းများနှင့် ပတ်သက်၍ အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
လင့်ခ်- https://mpt.com.mm/mm/lucky-draw-2023-mm/

ဆုငွေများကို ကံထူးရှင်များ၏ MPT Pay အကောင့်သို့ လွှဲပြောင်းပေးသွားမည် ဖြစ်သောကြောင့် MPT Pay အကောင့်မရှိသူများအနေနှင့် အောက်ပါလင့်ခ်သို့ဝင်ရောက်၍ ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT https://mpt.com.mm/en/mpt-pay-en/ Pay – MPT

သုံးစွဲသူများအနေနှင့် MPT Pay အကောင့်ကို အသုံးပြု၍ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ကိုယ်စားလှယ် မှတစ်ဆင့် မိမိငွေလွှဲလိုသူဆီ ငွေလွှဲခြင်း၊ MPT ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်း ငွေထုတ်ခြင်းများ၊ CB ဘဏ် နှင့် AYA ဘဏ်တို့၏ အေတီအမ်မှ ငွေသားထုတ်ယူခြင်းများနှင့် အခြားသော အကျိုးကျေးဇူးများနှင့် ငွေသားပြန်အမ်းခြင်းတို့ကိုလည်း ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ သုံးစွဲသူ မိဘပြည်သူများအားလုံး ကံထူးကြစေရန်နှင့် ငြိမ်းချမ်းပြည့်စုံသော နှစ်သစ်တစ်ခု ပိုင်ဆိုင်ကြစေရန် MPT မှ ဆုတောင်းအပ်ပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။