MPT Club ပွိုင့်များကို နိုင်ငံတစ်ဝန်းမှ MPT သုံးစွဲသူများအနေဖြင့် “ပွိုင့်တန်တန်” ပရိုမိုးရှင်းမှ ရရှိခံစားနိုင်မည်ဖြစ်

MPT Club ၄၄၄ ပွိုင့်အထိ နှင့် “ပွိုင့်တန်တန်” အထူးပက်ကေ့ချ်တို့ကို လဲလှယ်ကံထူးနိုင်မည့် အခွင့်အရေး

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအတွက် သင်္ကြန်အကြိုလက်ဆောင်အဖြစ် “ပွိုင့်တန်တန်” ပရိုမိုးရှင်းကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်မှ မတ်လ ၃၁ ရက်အထိ ဖြစ်ပြီး သုံးစွဲသူများအနေနှင့် အဆိုပါ ကာလအတွင်း *7345# သို့ ရိုက်နှိပ်ခေါ်ဆို စာရင်းသွင်း၍ သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဝယ်ယူပြီး MPT Club ပွိုင့် ၄၄၄ ပွိုင့်အထိ ကံထူးနိုင်မည့် အထူး ထိပေါက် ကစားခွင့်ကို ရရှိနိုင်မည်ဖြစ်သည်။

ပရိုမိုးရှင်း ကာလအတွင်း MPT Club ပွိုင့် ၄၄၄ ပွိုင့် ရရှိထားပါက “ပွိုင့်တန်တန်” အထူး ပက်ကေ့ချ် (2GB) ကို ဧပြီလ ၁ ရက်မှ ၃ ရက်အတွင်း လဲလှယ်ရယူနိုင်မည်ဖြစ်ပါသည်။ စုဆောင်းရရှိထားသော MPT Club ပွိုင့်များကို မိမိ ကြိုက်နှစ်သက်ရာ လက်ရှိ လဲလှယ်နိုင်သော ပက်ကေ့ချ်များအားလုံးနှင့် လဲလှယ်အသုံးပြုနိုင်သည့်အပြင် “ပွိုင့်တန်တန်” အထူး ပက်ကေ့ချ်ဖြင့်လည်း လဲလှယ်နိုင်ပါသည်။

နိုင်ငံတစ်ဝန်းမှ MPT GSM/WCDMA prepaid သုံးစွဲသူများအားလုံးသည် ဤပရိုမိုးရှင်းတွင် ပါဝင်နိုင်ပြီး ပွိုင့်များရယူရန် MPT4U အက်ပလီကေးရှင်းမှ Data Carry Plus (AR) အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ၊ all in one ထောဘီ ၁၀ ဆ 10X Htaw B (AR) အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ၊ ထောဘီ ၅ ဆ 5X Htaw B (AR) အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ၊ ကြိုက်ရာခေါ် Kyite Yar Khaw (AR) အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ၊ အကြိုက်ပြော A Kyite Pyaw (AR) အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များနှင့် ကြင်ကြင်နာနာ (Kyin Kyin Nar Nar) ပက်ကေ့ချ်များကို ဝယ်ယူရန်လိုအပ်ပါသည်။ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်သော ပက်ကေ့ချ်အမျိုးအစား၊ စျေးနှုန်း၊ ရရှိနိုင်သော Club ပွိုင့် နှင့် ပွိုင့်ကို အသုံးပြုပြီး လဲလှယ်ရယူနိုင်မည့် အစီအစဉ်ကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်။

ပက်ကေချ့် အမျိုးအစားစျေးနှုန်း (ကျပ်)အထူး ထိပေါက် ကစားခွင့်ပွိုင့်တန်တန် ပွိုင့်လဲလှယ်ရယူနိုင် မည့်အစီအစဥ်
Data Carry Plus (AR)၉၇၉ထိပေါက် ကစားခွင့် ၁ ကြိမ်(ပွိုင့်တန်တန် ထိပေါက်)၂၂၂ ပွိုင့်၄၄၄ ပွိုင့် - 2GB
ပွိုင့်တန်တန် အထူးပက်ကေချ့်
Data Carry Plus (AR)၁၂၇၉
5X Htaw B (AR)၉၈၀
Kyit Yar Khaw (AR)၄၈၇
Kyit Yar Khaw (AR)၉၇၇
A Kyite Pyaw + (AR)၈၃၅
Data Carry Plus (AR)၁၇၇၉၄၄၄ ပွိုင့်
Data Carry Plus (AR)၂၆၆၉
10X Htaw B (AR)၂၉၀၀
10X Htaw B (AR)၄၈၀၀
10X Htaw B (AR)၉၆၀၀
5X Htaw B (AR)၁၉၆၀
5X Htaw B (AR)၄၉၀၀
Kyit Yar Khaw (AR)၁၉၅၇
A Kyite Pyaw + (AR)၁၄၇၅
A Kyite Pyaw + (AR)၃၈၄၅
Kyin Kyin Nar Nar၂၉၉၈
Kyin Kyin Nar Nar၅၄၉၈
Kyin Kyin Nar Nar၉၉၉၈

“ပွိုင့်တန်တန်” ပရိုမိုးရှင်းတွင် ပက်ကေ့ချ်အမျိုးအစားမျိုးစုံပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့နှင့် အကိုက်ညီဆုံး ပက်ကေ့ချ်များကို ရွေးချယ်ဝယ်ယူနိုင်မည့်အပြင် ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည် ဖြစ်ပြီး ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ပွိုင့်တန်တန်ထိပေါက် ၁ ကြိမ် ကစားခွင့် ရရှိမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် “ပွိုင့်တန်တန်” ထိပေါက်ကစားခွင့်ကို ကစားခွင့်ရရှိသည့်နေ့၏ နေ့ရက် ကုန်ဆုံးသည်အထိ ကစားနိုင်မည် ဖြစ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။