Online Security Awareness သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Online Security Awareness သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင်  ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်ခဲ့ကြပါသည်။

   Online Security Awareness သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပထမဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်ငုဝါမြင့်၊ ဒုတိယဆုရရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဦးဝေယံ နှင့်  တတိယဆုရရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဝင်းကျော်လွင် အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။