Universal Service Fund ဖြင့်‌ ဆောင်ရွက်မည့် Phase II နှင့် Phase III တင်ဒါတင်သွင်းရမည့်ရက် ယာယီဆိုင်းငံ့ခြင်း

USF Project Phase II နှင့် Phase III တင်ဒါများတင်သွင်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် site survey ကဲ့သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ ရှိနေပါသဖြင့် Phase II နှင့် Phase III တင်ဒါများတင်သွင်းနိုင်ရေးအတွက် လုံလောက်သောအချိန်ထိ ဆိုင်းငံ့ပေးထားပါရန် အော်ပရေတာများထံမှ သဘောထားမှတ်ချက်များကို လက်ခံရရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ USF Project Phase II နှင့်  Phase III တင်ဒါတင်သွင်းရမည့်ကိစ္စအား ယာယီဆိုင်းငံ့ ထားပါကြောင်း  အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။