“ Green Spotted Triangle ”လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထား မှတ်ချက်ပြုထားသည့် Green Spotted Triangle ”လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၂ ခုနှစ်ဖေဖော်ဝါရီလ ()ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၄)ရက် (စနေနေ့) နံနက် (၀၉:၃၀)နာရီအချိန်မှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး ၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင်  ၂၀၂  ခုနှစ်၊  ဖေဖော်ဝါရီ()ရက် (စနေနေ့)တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင်ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။  တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ်( First Day Cover)များကို ဝယ်ယူလိုသူများအနေဖြင့် -

ဦးညီညီလွင်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၅၀၀၀၀၂၂၆

ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈

ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်းအသိပေးအပ်ပါသည်။