ဖေဖော်ဝါရီလ (၂၁) ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းနှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန (NCSC) တို့ ပူးပေါင်း၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ဝန်ကြီးဌာနများနှင့်ဘဏ်များတွင် Computer Security Incident Response Team (CSIRT) တည်ထောင်၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ဖြေရှင်းနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀၁/၁၉-၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
အဆိုပါ Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀၁/၁၉-၂၀) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၃) ခု မှ သင်တန်းသား (၃၈) ဦး တက်ရောက်ကြောင်း သိရပါသည်။
သင်တန်းကာလမှာ (၁၇-၂-၂၀၂၀)ရက်နေ့မှ (၂၁-၂-၂၀၂၀)ရက်နေ့ထိ (၅) ရက် ဖြစ်ပါသည်။ သင်တန်းဆင်းပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းဆင်းလတ်မှတ်များချီးမြှင်ခဲ့ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ သင်တန်း နည်းပြ ဦးရန်နောင်စိုးနှင့် ဦးမျိုးမြင့်ထိုက်တို့က ထူးချွှန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။
ITCS သင်တန်းကျောင်း