(မြန်မာစံတော်ချိန် ၁၄း၃၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၀)မိနစ်၊ (၁၉) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၆)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။